👑မောင့်အရှင်
#အပိုင်း (၂၄)
“ဘာဆုတွေတောင်းလိုက်လဲ..”
အထူးဆုတောင်းအပြီး ပုလ္လင်ပေါ်၌ တပါပတိကြီးမှာ အစီအစဉ်တစ်ခုပြီးတစ်ခု ကြေငှါနေသ၍…သူ့နဘေးက သူမမှာ အခုထိ မျက်လုံးစုံမိတ်ကာ ဆုတောင်းနေရာက ခုလေးတင် ပွင့်လာ၍ သိချင်ဇောလေးနဲ့ မေးမိပါရဲ့..။
ရလိုက်တဲ့ တုန့်ပြန်မှုက လက်တီးဆုတ်ထောင်ပြပြီး အံ့ကြိတ်ပြလာ၍ ရင်ဘက်ကို လန့်သလို ဖိရင်း တပါပတိ ကြီးစကားကို အာရုံပြန်စိုက် နေရသည်။
သို့သော်လည်း အာရုံထဲ သူမလေး၏ မိတ်ချထားသည့် မျက်တောင်ပါးပါးရှည်ရှည်လေးတွေနဲ့ လက်အုပ်ချီပြီး တလှုပ်လှုပ်ဆိုနေသည့် နှခမ်းပါးပါးလေးတွေက မျက်စိထဲထိဆွဲနေ၍ အမြန်ဖယ်ထုတ်ပစ်ရသေးသည်။
“..အဟမ်း..”
ကိုယ့်စိတ်ကို ကိုယ် ထိန်းသလို ချောင်းကို အသာဟန့်ပြီး..ပြန်အာရုံစိုက်ရတာပေါ့..။ မကြာခင် တရားဒေသနာ လာတော့မည်လေ..။
ဒီနေ့ တနင်္ဂနွေနေ့မို့ ဘုရားကျောင်းကို နှစ်ဖက်မိသားစုတွေနဲ့အတူ တက်ညီလက်ညီ ရောက်နေသည်။ ဒါတောင် မနက်က ဘုရားကျောင်းသွားဖို့ကို သူနဲ့မဆိုင်သလို ဂိမ်းတိုက်နေ၍ ဒီကောင်မလေးကို နားကနေဆွဲ ပြီးခေါ်လာရသေးတယ်လို့ ဂုဏ်ဆာဆာ ပြောချင်ပေမဲ့ အမှန်တရားက သက်သက်ရှိနေတော့လည်း သူမှာ စိတ်ကူးလေးနှင့်သာပေါ့..။
“ ဘယ်လဲ..”
တရားဒေသနာက ခုမှ စမို့ရှိသေး အစကတည်းက ဘေးကနေ ဂနာမငြိမ်ဖြစ်နေသည့် မောင်မောင် ထွက်သွားဖို့ ပြင်နေ၍ ခြေထိုးလိုက်ပြီး အမြန်မေးလိုက်ရသည်။
“သေးပေါက်..-ီးပါကအစ တင်ပြနေရအုံးမှာလား..ဖယ်..”
“ဒါဆို ခဏလေး..”
မောင်မောင်ကို ခဏလေးဆိုပြီး ဘေးနားက သူ့ညီမကို တိုးတိုးနဲ့ ဘာတွေပြောနေမှန်းမသိ၍ စိတ်မရှည် မိတော့..။
“လာလေ..သွားမယ်..”
“ မလိုဘူး..ဘေးဖယ် စိတ်ရှုပ်တယ်..”
ရင်ဘက်ကနေ သူ့ကို တွန်းထုတ်လိုက်၍ ထိုင်ခုံပေါ်ကို ပြန်ထိုင်ကြသွားရာက အမူးကရှူးထွက်သွားသည့် သူမနောက်ကို လိုက်ဖို့ လူတွေကို တောင်းလျှိူးပန်လျှိူးလိုက်ရသေးသည်။
YOU ARE READING
👑မောင့် အရှင်
Romance👑မောင့် အရှင် ငယ်စဉ်ကတည်းက ယောကျာ်းစိတ်ဝင်နေတဲ့ မိန်းကလေး... ဆန့်ကျင်ဘက် လိင်ထက် မိန်းကလေး အချင်းချင်းကိုမှ စိတ်ဝင်စားတဲ့ မိန်းကလေး.. သူ့ကိုယ်သူ LGBT ခံယူထားတဲ့ မိန်းကလေး... တစ်နေ့ ဒီမိန်းကလေးရဲ့ဘဝမှာ မထင်မှတ် ထားတဲ့ အခြေအနေတစ်ခုရောက်လာတဲ့အခါ ဘာတွ...