part 34

3.4K 70 1
                                    

👑မောင့်အရှင်

#အပိုင်း(၃၄)

လွန်ခဲ့သော တစ်ပတ်✓✓

စကားတွေ တပုံတခေါင်းကြီးပြောပြီး အိပ်ပြောသွားတဲ့ သူမ..ကုတင်ထက်၌ အပူအပင်မရှိအိပ်စက်နေသည်။

သူသွားမည့် ခရီးနဲ့ပတ်သက်ပြီး မလိုလားမှုဟူ၍ အမူအရာပင် မပြသော သူမ..။

သူမ ဘဝမှာ သူ,မရှိလည်း ဖြစ်ပေမဲ့ သူ့ဘဝမှာတော့ မောင်မောင်ဆိုတဲ့ မိန်းကလေး မရှိလို့ မဖြစ်တဲ့ အခြေ အနေထဲ ရောက်နေပြီ..။

“သမီးလေးရယ်..မင်းရယ်..ကိုယ်ရယ်..ဆံဖြူသွားကျိူးတဲ့အထိ အတူတူနေသွားချင်လိုက်တာ..”

သူရည်ရွယ်ထားတဲ့ ထိုအိမ်မက်ဆန်သော မိသားစုဘဝလေးကို နုတ်မှတောင်းတမိရင်း အကြည့်တို့ကလည်း သူမ, မျက်နှာထက် ရစ်ဝဲနေသည်။

တဇွတ်ထိုးဆန်ပြီး ခေါင်းမာသောသူမ..။  လုပ်ချင်ပြီဆို အရိပ်အကဲမကြည့် လုပ်တတ်ပြီး ပြောချင်ပြီဆိုလည်း ရှေ့မကြည့်နောက်မကြည့် ပြောတတ်သော..သူမ..။

ဘယ်လောင်တောင် ဆိုးပေခဲ့လိုက်လဲ..တစ်ချိန်က သူ့မျက်နှာကို ပစ်ထိုးပြီး သတ်ဖို့ထိ ခြိမ်းခြောက်ခဲ့သည့် သူမဟာ..ခုတော့ သူ့နဘေးမှာ ခုလို ကလေးငယ်လေးလို ဖြူစင်စွာ အပ်စက်နေလို့..။

ဘယ်အရာကိုမဆို စိတ်ထဲ မှာ ကြာကြာ မသိမ်းထားတတ်ဘဲ ပွင့်ပွင့်လင်းလင်း ဆိုတတ်သူမို့ စိတ်ဒဏ်ရာကို အလွယ်တကူ မယူတတ်ပေမဲ့ သူနဲ့ပတ်သက်လာရင် အရာအားလုံးကို ချိူ့ဝှက်ထားသလို ခံစားမိသည်။

“ မင်းကို ဘယ်လို ထားခဲ့ရမလဲ..မောင်မောင်ရာ..”

သူမနှဘေး ဝင်လှဲလိုက်ပေမဲ့ တော်ယုံနဲ့ အိပ်လို့ကမရ..။ အတွေးတွေက ဟိုရောက်လိုက် ဒီရောက်လိုက်..။ ဒီတစ်ခေါက် ခရီးအတွက် ရင်လေးနေရသလို..သူ့နဘေးက ထွက်သွားဖို့ချည်း တွေးနေသည့် သူမကိုလည်း တစ်မျိူးတစ်ဖုံ စိတ်မချမိပြန်..။

“ ဘာလို့များ..ခုထိ..ငါ့စိတ်ကို မသိရတာလဲ..မင်းကလေ..တကယ်ခက်တယ်..သိလား..ငါတို့ စတွေ့ကတည်း မရည်ရွယ်ဘဲနဲ့ အကြိမ်ကြိမ် အထပ်ထပ် ပြန်ဆုံတယ်..မင်းနဲ့ တွေ့ပြီဆိုတာနဲ့ ငါကိုယ်တိုင်တောင် မသိတဲ့ ငါ့ရဲ့ ပင်ကိုယ်စရိုက်တွေ ပေါ်လာတာတော့..အမှန်ဘဲ..

👑မောင့် အရှင် Where stories live. Discover now