part-13

3.6K 86 0
                                    

👑မောင့်အရှင်

#အပိုင်း (၁၃)

“ ဟွန်း..သူ အရင်က မင်းကုမ္မဏီမှာ လုပ်ဖူးတယ်..ပြောတယ် သိလား..”

“ ဟုတ်လား..ငါမသိလိုက်ဘူးနော်..ဝန်ထမ်းနာမည်တွေ သိပ်မမှတ်မိလို့..”

“ ဟားဟား..ဖြစ်မယ်လေ မင်းပုံစံက နဂိုကတည်းက ဒီလိုဘဲကိုး..”

သူရ၏ သဘောရိုးရီသံက သူ့ကို လှောင်ပြောင်နေသလို ခံစားနေစေမိတာ ဘာကြောင့်မှန်းမသိ..။

“နာမည်က ဘယ်လို ..”

“ မောင်မောင်တဲ့..သူ TU ကျောင်းဆင်းလေ ဒီဇိုင်းနဲ့ ..ငါတို့ ကုမ္မဏီအတွက် အဖိုးတန်လေး ဖြစ်လာမှာ မောင်မောင် နုတ်ဆက်လိုက်အုံးလေ..”

တဖက်က မသိဟန်ဆောင်တာ မောင်မောင်တို့အတွက် ပိုလို့တောင် ကောင်းသေး..။ သူဌေး သူရက မိတ်ဆက်ပေး မဲ့သူ ရှိတယ်ဆိုပြီး ခေါ်လာခဲ့တာ ဒီလူမှန်းမသိခဲ့ပေ။

ဝတ်စားသည့် ပုံစံက စမတ်ကျပြီး သန့်ပြန့်နေပေမဲ့ အတွင်းစိတ်ကို သိပြီးသားဖြစ်တဲ့ မောင်မောင်အတွက်တော့ အထင်ကြီးစရာ ဘာတစ်ခုမှ မရှိချေ..။

“ မင်္ဂလာပါ..”

ပခုံးပေါ်ကို ရောက်လာသည့် ထိုလူ၏ လက်ကြောင့် မောင်မောင် အရှေ့ကို မသိမသာတိုးပြီး ခေါင်းငုံ့ နုတ်ဆက်လိုက်လျှင် လွတ်သွားမည်ထင်ခဲ့ပေမဲ့ ထိုလက်အစုံက ပခုံးပေါ်ရောက်လာခဲ့သည်။

ယတိပြတ် နုတ်ဆက်စကားသံကို ခေတ်လူ မျက်နှာလွဲရင်း ဝိုင်တစ်ခွက်လုံးကို သတိလက်လွတ် မော့သောက် ပစ်လိုက်သည်။

“သူဌေး ကျွန်တော် သူငယ်ချင်းတွေ ခေါ်နေလို့ သွားလိုက်အုံးမယ်..”

“ အိုကေ..ကောင်လေး..ပျော်ခဲ့..”

မောင်မောင် ဆံပင်အချိူ့ကို ဖွပေးပြီး ပြုံးနေသည့် သူရ၏ မူအရာကအစ ခေတ်လူ ရင်ထဲ နည်းနည်းမှ ဘဝင်မကျ။

ပိုဆိုးသည်က ဒါကို ပြုံးပြီး လက်ခံနေသည့် ဒီကာလနဂါးကို ပိုပြီး ဒေါသထွက်တယ် ပြောရင် မှားမယ်မထင်။

ရင်ထဲ ဘယ်လိုတွေ ဖြစ်နေမှန်းမသိ..ပူပြီး ဟာသာသာနှင့် ။ မျက်ခုံးတန်းနှစ်ဖက်က ကြုံတက်သွားပြီး ခွက်ထဲ ဝိုင်ကို ပြန်ထည့်သောက် နေမိပြန်သည်။

👑မောင့် အရှင် Where stories live. Discover now