Extra -1

8.4K 211 6
                                    

👑မောင့် အရှင် ( Extra)

" အစ်ကိုကြီး ဖုန်း‌က တောက်လျှောက်လာနေလို့"
" ......."

ဖြိုးမင်း ယူလာပေးသည့် ဖုန်းကြောင့် မောင်မောင် ဆေးလက်စ ပန်းကန်ကို ရေစင်ထဲ ချလိုက်ပြီး  လက်ကို ဝတ်ထားသည့် အေပွန်ဖြင့် ဖြစ်သလို သုတ်ပစ်ကာ ဖုန်းကို လှမ်းယူလိုက်သည်။

" ဘယ်ချိန်ကတည်းက လဲ ကြာပြီလားးး"

လက်ထဲရောက်တာနဲ့ တန်းကျသွားသည့် ဖုန်းထဲက Contact Name ကြောင့် မောင့်မောင် အသံဟာ အဖျားခပ်သွားကာ တုန်လှုပ်သွားသည်။

" ဒါနဲ့ဆို သုံးခါ ဖြစ်မယ် ကျွန်တော်လည်း အစ်ကိုကြီးမအားတာနဲ့ လာမပေးဖြစ်တာ.."

အရမ်း အလိုက်သိလို့ဆိုပြီး ရွာကနေ တကူးတက ခေါ်လာတဲ့ ဒီငနဲသားကိုလည်း စိတ်ထဲ အတင်မကျ ဖြစ်မိရင်း ထို ဖုန်းကို အမြန် ပြန်ခေါ်လိုက်သည်။

ဝင်ပေမဲ့ မကိုင်..။

" ဟူးးးဖြိုးမင်း ငါ အပြင်ခဏသွားလိုက်အုံးမယ်..
မင်း သူဌေးလာရင် ဘေဘီကျောင်းကို လိုက်သွားတယ် ပြောလိုက်!"

" ဟုတ်ကဲ့..! အစ်ကိုကြီး ကျွန်တော် ကားမောင်း ပို့ပေးရ.."
" မလိုဘူးးး ငါ့ဟာဟာဘဲ မောင်းသွားလိုက်မယ်.."

အေပွန်ကို အမြန် ချွတ်ချပြီး ဖုန်းကို လက်ထဲ ကျစ်ကျစ်ကိုင်ကာ အိမ်ပေါ်ထပ်ကို အလောတကြီး တက်လာခဲ့လိုက်သည်..။

ဘေဘီဆရာမက ‌ဖုန်းဆက်လာတယ်ဆိုကတည်းက သမီးလေး တစ်ခုခု ဖြစ်လို့မဟုတ်လား?..။ ပြီးတော့ တစ်ကြိမ်တည်း ဆက်တာတောင် မဟုတ်ဘူးး။ သုံးကြိမ်တိတိတောင်..။

သမီးအဖေကို ဖုန်းဆက်ပြောရအောင်ကလည်း
မနက်ကတည်းက အ ရေးကြီးတဲ့ Meeting ရှိတယ်ဆိုပြီး ထွက်သွား၍ ခုအချိန်ဆို အစည်းအဝေးထဲ ရောက်နေလောက်မှာ..။

ဘေဘီဆရာမက မောင်မောင် စီ ဖုန်းဆက်လာကတည်းက သူ့ မကိုင်လို့ဘဲ ဖြစ်လိမ့်မည်..။

အိမ်နေဝတ်ကို အမြန်ချွတ်ပြီး ဂျင်းဘောင်းဘီ ဆွဲယူ ဝတ်ခါနီးမှ စတိတ်စင်ပေါ်မှာ မကျေမနပ်လေး ပြောခဲ့ဖူး သည့် စကားသံလေးက နားထဲ ချက်ချင်းဆိုသလို ရောက်လာ၍ သူမအသက် ၂၉ နှစ် ပြည့် မွေးနေ့တုန်းက ဘေဘီအဖေ ချူပ်ထားပေးတဲ့ ကချင်ချိတ်ကို ဘာဖြစ်ဖြစ်ဆိုပြီး သမီးစိတ်နဲ့ အမြန် ဝတ် ဆင်းလာခဲ့လိုက်သည်..။

👑မောင့် အရှင် Where stories live. Discover now