👑အမာင့်အရှင်
#အပိုင်း (၄၅)
ဘန်းနိုင်: " မင်းကလည်း? စကားကို ! "
သီရိ : " ဟုတ်ပ! မောင်မောင် မပီသလိုက်တာ..!"
သီရိကပါ ဘေဘီကို မြူရင်း သူ့ကိုမျက်စောင်းလေး ထိုး ဆိုလာသည်ကို မျက်ကွယ်ပြုရင်း
လက်ဖက်ဇွန်းကို လက်လှမ်းကာမှ စားလို့မဖြစ်
သေးမှန်း သတိပြန်ဝင်လာ၍ စားချင်စိတ်ကို မနည်း မြိုသိပ်ပြီး ချထားလိုက်ရပြန်သည်။အသားခြောက် ပန်းကန်ကို လက်လှမ်းမည့်အချိန် လက်ကို ပုတ်ချလာသည့် သီရိကြောင့် ဘာလဲဆိုပြီး မကျေနပ်စွာ ပြန်စိုက်ကြည့်လိုက်တော့..
" စားချင်တာကိုများ အောင့်အီးနေသေးတယ်..
စားပါလား)) ဘာဖြစ်တာမှတ်လို့ လက်ဖက်ဘဲ ဖြစ်ဖြစ်)) နင် သောက်နေကြ ဆေးလိပ်ဘဲဖြစ်ဖြစ် လုပ်ချင်ရင် စားချင်ရင် စားချလိုက် သောက်ချလိုက်..ဟွန့် အရင်က မောင်မောင်ကို တောင်ပြန် သတိရတယ်..! "အောင်အောင် : "ဟေး ဟေး အဲကောင်ကို သိပ် မမြောက်နဲ့ တလွဲတွေယူပြီး လုပ်ချမှ ငါ့တူမလေး
အတွက် ဘာတစ်ခုမှ ကောင်းတာ မရှိဘူး..မစား သင့်တာဆို မစားနဲ့..ကျန်တာ စား?"ဘန်းနိုင် : " ကျန်တာ စားတဲ့ လက်ဖက်နဲ့ အသားခြောက်ကလွဲပြီး ဘားမရှိတာကို စကားလုပ်ပြော နေသေးတယ်..! ဒါမှန်း သိရင် ငါ ဝယ်လာခဲ့ပါ တယ် )) ဟျောင့် အဲအသားခြောက်လဲ စားမနေနဲ့ ဒီထက်ကောင်းတာ ပြင်ပေးပါလို့)) အလကား ကော်တရာ ကပ်စီးနည်း! "
အောင်အောင် : " ကြည့်ကြည့်! ဘန်းနိုင်တို့များ မကျေနပ်ချက်တွေ ပေါ်လာပြီ..ဒါတော့ မင်း နည်းနည်း များသွားပြီလို ထင်တယ်နော်! ငါ့ အမေ မရှိဘူးလို့ ငါ အစကတည်းက ပြောထားတယ် မဟုတ်လား? သွား! နောက်ဖေးမှာ ရှိသမျှ မင်း အကုန်သွားယူချလာလို့ရတယ်...မအေဘေးရဲ့.."
ကျော်သီဟ : " ခုလောက်ဆို ဝှက်ထားရင်လည်း ဝှက်ထားလောက်ပြီလေနော်! ဟုတ်တယ် မလား ငဘန်း!"
အောင်အောင် : "ဟား! ဒီဘဲနှစ်ကောင် ငါ့ကို ဝိုင်း ဖြုတ်နေပါလား? "
မောင်မောင့်မှာ သုံးယောက်လုံးကို တစ်ယောက် တလှည့်စီ ကြည့်ပြီး မိခင်ဖြစ်တဲ့ သူ့စိတ်ကို နားမလည်နိုင် သေးပါလားဟူ အတွေးဖြင့် အသားခြောက် စားဖို့တောင် ခပ်လှန့်လှန့်..။
ESTÁS LEYENDO
👑မောင့် အရှင်
Romance👑မောင့် အရှင် ငယ်စဉ်ကတည်းက ယောကျာ်းစိတ်ဝင်နေတဲ့ မိန်းကလေး... ဆန့်ကျင်ဘက် လိင်ထက် မိန်းကလေး အချင်းချင်းကိုမှ စိတ်ဝင်စားတဲ့ မိန်းကလေး.. သူ့ကိုယ်သူ LGBT ခံယူထားတဲ့ မိန်းကလေး... တစ်နေ့ ဒီမိန်းကလေးရဲ့ဘဝမှာ မထင်မှတ် ထားတဲ့ အခြေအနေတစ်ခုရောက်လာတဲ့အခါ ဘာတွ...