👑 မောင့်အရှင်
#အပိုင်း (၄)
အိတ် အသေးတလုံးဖြင့် ကားဆီကို လျှောက်လာကြတဲ့ မောင်မောင်နဲ့သီရိကြောင့် အောင်အောင်တို့ တစ် တပ်ဖွဲ့ မျက်လုံးပြူးသွားသည်..။
သီရိလိုက်မယ်လို့ မသိခဲ့ကြပါ..ဒါ မောင်မောင် ပယောက ဖြစ်မှာ အသေအချာကြီး..။
" ပေး..ဘယ်လိုဖြစ်လာကြတာလဲ..!"
ဘန်းဘန်းက သီရိလက်က အိတ်အသေးလေးကို လက်လွဲယူပြီး ကားပေါ်ကို တက်စေကာ သိချင်တာကိုလည်းမေးနေသေးသည်။
" မောင်မောင်လေ..!!"
" ဟားးးးး..မောင်မောင်နဲ့ နင့်ဝဋ်ကလည်း မသေးပါလား.."မောင်မောင် ကားပေါ်ကို တက်ကြွစွာဖြင့် ခုန်တက်ပြီး
ကားအပြင်ဘက်ကို ခြေထောက် တွဲချကာ ခပ်မိုက်မိုက် ထိုင်သည်။ကားထဲလည်း သွားကြမည့် လူငယ်စုံပြီမို့ လူငယ်ခေါင်းဆောင်က လူဦးရေ စစ်ပြီး ထွက်ဖို့ပြင်၏။
" မောင်မောင်..မင်းဦးလေးကို သေချာပြောခဲ့လား..?"
" ဒါပေါ့ ကိုသက်နိုင်ရာ..မောင်မောင်တို့ လိမ်မာနေပါပြီ.."
" အင်းပါ..အင်းပါ..မင်းကိုဘဲ စိတ်ပူတာ ကဲအဆင်သင့်ဖြစ်ရင် ထွက်ကြမယ် "လူငယ်ခေါင်းဆောင် ကိုသက်နိုင် လွှ၊ ဓား၊ အရေအတွက်ကိုပါ သေချာစစ်ပြီး ကားခေါင်းခန်း
ထဲသွားလိုက်သည်..။အရမ်းလည်း မပူ အရမ်းလည်း မအေးတဲ့ နံနက် ခြောက်နာရီ အချိန်ဆိုတာ နေထိုင်လို့ကောင်းလှသည်။
လူတိုင်း သမုဒ္ဒရာ ဝမ်းတထွာအတွက် ကြိုးစား
ပမ်းစား လုပ်ငန်းခွင်သို့ သွားနေကြပြီ..။တောတောင် သဘာဝ လယ်သမား၊ ယာသမားတို့
ကလည်း ပလိုင်းကိုယ်စီ ထမင်းထုတ်ကိုယ်စီ၊
တစ်နေ့တာအတွက် လိုအပ်တာတွေကို နွားနှစ်
ေကာင်သယ်မဲ့ နွားလှည်းပေါ် တင်ကာ လုပ်ငန်းခွင်
ဝင်ဖို့ တာစူနေကြပြီ..။ခုချိန်ဟာ လယ်သမားတွေ စပါးစိုက်ဖို့ ပြင်နေကြတဲ့အချိန်..။
မကြာခင် မိုးလာတော့မည် မဟုတ်လား..။ ဒီလို နွေနဲ့ မိုးအကူး မိုးရာသီအတွက် လိုအပ်မဲ့ သစ်ဝါး၊ မီးသွေး မသုံးတဲ့အတွက် ထင်းကအစ နွေမှာ သိုမှီးစုဆောင်းထားမှ မိုးရာသီမှာ တော်သင့်မည်လေ..။
YOU ARE READING
👑မောင့် အရှင်
Romance👑မောင့် အရှင် ငယ်စဉ်ကတည်းက ယောကျာ်းစိတ်ဝင်နေတဲ့ မိန်းကလေး... ဆန့်ကျင်ဘက် လိင်ထက် မိန်းကလေး အချင်းချင်းကိုမှ စိတ်ဝင်စားတဲ့ မိန်းကလေး.. သူ့ကိုယ်သူ LGBT ခံယူထားတဲ့ မိန်းကလေး... တစ်နေ့ ဒီမိန်းကလေးရဲ့ဘဝမှာ မထင်မှတ် ထားတဲ့ အခြေအနေတစ်ခုရောက်လာတဲ့အခါ ဘာတွ...