part-7

3.2K 79 0
                                    

👑မောင့်အရှင်

#အပိုင်း ( ၇)

“အင်း..ကောင်းတယ်..အဆင်ပြေပါတယ်..အားလုံးအဆင်ပြေပါတယ်ဆို..မလိုဘူး..လိုလည်း မလိုချင်ဘူး..
မေတ္တာမရှိတဲ့ မိဘတွေနဲ့နေတာထက်စာရင် ဒီမှာ ပိုကောင်းတယ်..ဟုတ်တယ်လေ အစကတည်းက အရိုင်း အဆိုင်းကောင်..”

နိုင်ဦးနှင့် စစ်ဦး မိဘတွေကို ဘုကျကျ ဖုန်းပြောနေသည့် ယောကျာ်းစိတ်ပေါက်ပါသတဲ့ တစ်ဦးတည်းသော ညီမလေးကို ပါးစပ်လေးအဟောင်းသားနှင့် ကြည့်နေရုံမှအပ ဘာမှမတတ်နိုင်..။

ဖုန်းပြောစကတော့..ဒီလိုမပြောဖို့ လက်တီးလက်မောင်းပြ..မျက်နှာတွေ ရှုံ့မဲ့ ပြသော်လည်း မျက်နှာ လွဲခံယုံမှအပ ဘာမှ မရလိုက်..။

အဲလောက် လက်ပေါက်ကပ်လှသော ညီမဖြစ်သူကို ဆူလည်း မဆူရက်..တို့လည်းမတို့ရက်ပါ..။ ရတနာခဲလေးလို
တန်ဖိုးထားရသည်လေ..။ မိန်းကလေးဆန်ဆန် ယဉ်ယဉ်ကျေးကျေးရှိလို့ကတော့..သူမကို ပိုးမွေးသလို ဖူးဖူးမုတ် ချစ်ရပါလိမ့်မည်..။

“ အင်းပါ..ဂရုစိုက်မယ်..မား ဟိုနှစ်ကောင်နဲ့ စကားပြောအုံးမလား..”
“ ဟျောင့်..မင်းသူငယ်ချင်းမဟုတ်ဘူး..မင်းအစ်ကိုတွေ..”

စစ်နိုင် ဟောက်လိုက်ပေမဲ့ လက်ထဲကို ဖုန်းအတင်းထိုးထည့်ပြီး သူမဟုတ်သည့်အတိုင်း အခန်းကို အေးဆေး ထွက်သွားချေပြီ..။

ကိုကြီးမှာ..ဘာမှလည်းမပြောနိုင်..ထားလိုက်ဆိုပြီး လက်ဖြင့်အမူအရာပြလာသည်။
အစ်ကို နှစ်ယောက် ဘယ်လို ကျန်ခဲ့လဲ စိတ်မဝင်စားသည့် မောင်မောင် သူ့အတွက်ဆိုပြီးပေးထားသည့် အခန်းထဲ ဟိုဟို ဒီဒီ လှည့်ပတ်လျှောက်ကြည့်နေမိသည်။

ကိုကြီး နိုင်ဦးက ကုန်ပစ္စည်းအမျိူးအစားများစွာကို မြန်မာတနိုင်ငံလုံးကို ပို့သည့် မကြီးမသေး လုပ်ငန်းကို ဦးစီး လုပ်သည်။

ကိုလတ် စစ်နိုင်ကတော့..ကိုကြီးနဲ့အတူ ထိုလုပ်ငန်းတွင် ဝိုင်းကူညီပေါ့..။ သူ့ရဲ့ ဝါသနာအမှန်မဟုတ်ပေမဲ့.. ကိုကြီး ထက်စာရင် မိသားစုရေးကို အလေးပေးတတ်သူမို့..အားတက်သရော ဝိုင်းကူပေးရှာသည်။

👑မောင့် အရှင် Where stories live. Discover now