part-12

3.5K 94 0
                                    

👑မောင့်အရှင်

#အပိုင်း (၁၂)

" ခုတလော သားခေတ် အိမ်ကို သိပ်မလာတော့သလိုဘဲနော်..သမီး"

" အင်း..ဟုတ်တယ် သူအလုပ်ရှုပ်နေလို့ မာမီ"

ဟင်းချိူဇွန်းကိုချပြီး မိခင်ဖြစ်သူစကားကို ပြန်ဖြေလိုက်ပေမဲ့ မြတ်၏ တစ်ခုခုကို ဖုံးကွယ်ထားချင်သည့်

အမှုအရာက ပေါ်လွန်နေသည်။

" သမီးတို့ အဆင်ကော ပြေကြရဲ့လား..နှစ်ယောက်သား စကားများ.."

" မာမီကလည်း အဲလိုဖြစ်ရအောင် ကလေးမှ မဟုတ်တော့တာ.."

" ဒယ်ဒီလည်း သိချင်နေတာ ..သမီးတို့တွေက ငယ်တော့တာလည်း မဟုတ်တော့ တစ်ယောက်နဲ့ တစ်ယောက် ငြီးငွေ့နေလို့များ.."

" ဟား..ဒယ်ဒီကလည်း အဲတာဘာစကားကြီးလဲ သမီးတို့တွေက တစ်ယောက်ကို တစ်ယောက် ဘယ်တော့ မှ

အဲလိုမျိူး ငြီးငွေ့တယ်ဆိုတာ ရှိမှာမဟုတ်ဘူး..ဒယ်ဒီရဲ့"

" ဟုတ်ပါပြီ..ဒယ်ဒီတို့က ဒီတစ်ယောက်တည်းနဲ့ဘဲ အဆင်ပြေရမယ်ဆိုပြီး အတင်းအကြပ် မပြောဘူးနော်

သ္မီးလေး စိတ်ချမ်းသာဖို့က အရေးကြီးတယ်..ဖူးစာဆိုတာကလည်း မှန်တယ် စဉ်းစားထားမှ လွဲသွား တတ်တာ ရှိလို့.."

"အား..ဒယ်ဒီကလည်း..သ္မီးတို့တွေက လုံးဝ ဘုရားပေးထားတဲ့ ဖူးစာဖက်တွေပါ ..မယုံရင် စောင့်ကြည့်နေ"

"ဘာလဲ မိဘတွေ မရှိတော့မှ မင်းတို့က အိမ်ထောင်ပြုဖို့ စဉ်းစားထားတာလား.."

" ခုတော့ မြန်သေးတယ်လေ..မာမီတို့ကလည်း.."

မြတ်..ထိုစကားကို သဘောမကျစွာ ပြင်းပြင်းထန်ထန် ငြင်းဆိုရင်း ချစ်သူဖြစ်သူကို ပြန်သတိရမိသည်။

ခုနောက်ပိုင်း ထူးခြားလာတာတော့ အတော့်ကို ထူးခြားလာတာ..။ ဒေါသမထွက်တတ်တဲ့ ကိုက သူ့အိမ်က

ယောက်ကလျှာလေးကို ဒေါသတွေထွက်ပြီး အခန်းပိတ်ထားတယ်တဲ့လေ..။

စကားကြမ်းကြမ်း မပြောတတ်တဲ့ ကိုက အဲဒီတစ်ယောက် ပေါ်မှာ ပြောဆိုလိုက်တာများ မြတ်ကိုယ်တိုင် မကြားရင် ယုံနိုင်မှာတောင်မဟုတ်ဘူး..။

👑မောင့် အရှင် Where stories live. Discover now