Part - 28(Zawgi)

382 4 0
                                    

မောင့်အရှင်

#အပိုင်း (၂၈)

အထုတ်ဖြည်တာ အခုထိ မပြီးသေးဘူးလား..သမီး..မွေဘဲ မွေမနေနဲ့လေ သူ့နေရာ သူလည်း ထားအုံး..

မပြီးသေးဘူး))..ဆတ်သားခြောက် မျှော်နေတာကို..မားမားက ဘာလို့ မသယ်လာတာလဲလို့..သမီး ဒီလောက် အတန်တန် မှာရဲ့သားနဲ့..

ကိုယ့်ကားနဲ့လာတာမှ မဟုတ်တာ..သမီးငယ်ရယ်..သူများကားနဲ့ လာရပါတယ်ဆိုကာမှ..ဖယ်..ဖယ်..သွား မားမား လုပ်လိုက်မယ်.. ညည်း အစ် ကို ရေချိုးပြီးရင် ဝတ်ဖို့ အဝတ်အစားတွေ မီးပူသွားတိုက် ပေးထားလိုက် အုံး..

မလုပ်ချင်ပါဘူး..သူ့မိန်းမ လုပ်ပေးရမှာကို..ခုတော့ ကိုကိုက မိန်းမသာ ရသွားတာ သမီးက အခုထိ သူ့မိန်းမ လုပ်ပေးရမဲ့ဟာတွေကို လုပ်ပေးနေရတုန်း..နည်းနည်းမှ မတရားသလိုကြီး..
ဒီကလေး စကား ဆင်ခြင်ပြော.. တစ်ယောက်ယောက် ကြားသွားမှ

ရှေ့နောက်မကြည့် ပြောတတ်တဲ့ သမီးငယ်ဖြစ်သူကြောင့် ဒေါ်ယုမေတစ်ယောက် အထုတ်တွေဖြည်နေရင်းက အမြန်တားလိုက်ရသည်။

ရန်ကုန်ကို မန္တလေးကနေတဆင့် မောင်မောင့် အစ်ကိုကြီးကိုယ်တိုင် ကားနဲ့လိုက်ပို့ပေးတာမို့ ၊အိမ်မှာ ခမည်းခမက်ပါ မိသားစုလိုက်ရောက်နေသည်မဟုတ်လား..။

ဒီ သစ်တော်သီးတွေ ဘာလုပ်မှာလဲလို့..ဒီမှာလည်း ဝယ်စားလို့ရတာကို..

ဟိုဖက် ဗီရိုထဲထည့်လိုက်ပါ..ခမည်းခမက်က မောင်မောင့်အကြိုက်တွေ သယ်လာတာ..ဒီပျားရည်တွေက နောက်က စတိုခန်းထဲ သွားထည့်ထားလိုက်..

မားမားတို့ကတော့နော်..သမီးဖြစ်သူကို တွေ့တာနဲ့ခိုင်းမယ်ဆိုတာကြီးဘဲ..သမီးစာလုပ်ရအုံးမှာ..ဒီသမီး တစ်ယောက်တည်းရှိပါတယ်..အစ်ကိုရဲ့ဗာဟီရကော မိဘတွေခိုင်းတာတွေပါ လုပ်ပေးနေရတာ..ဒီလို သမီး ရထားတာ ကျေးဇူးတင်ကြ..ဟွန့်..

သော်သော်တစ်ယောက် မကျေမနပ် ရေရွတ်ရင်း ရွာက သယ်လာသည့် ပျားရည်စစ်တွေကို သွားပို့ပြီး ပြန်ဝင် တော့..မားမားက တောဝက်ခေါက်ခြောက်တွေကို သူ့နေရာ သူ စီနေပြီ..။

👑မောင့် အရှင် Where stories live. Discover now