part 37

3.1K 83 0
                                    

👑မောင့်အရှင်

#အပိုင်း(၃၇)

" ဒါမဟုတ် လာပြီးသွားပြီလား..ငါ
အိပ်နေလို့လား.."

အတွေးများစွာ သိချင်စိတ်တွေကို ထိမ်းမနိုင်စွာပင်
သူ အောက်ထပ်ကို စိတ်လှုပ်ရှားစွာဖြင့် ဆင်းလာခဲ့သည်။

ရင်ဘတ် တစ်ခုလုံးဟာလည်း မခုန်စဖူး တဒုန်းဒန်းနဲ့ ခုန်‌နေသည့်အပြင် စိတ်လှုပ်ရှားလွန်းလို့ နဖူးပေါ်၌လည်း ချွေးစတွေပင် ထွက်လာချေပြီ..။

ကိုယ့်ကိုတွေ့သွားရင် ဒီလူကြီး ဘယ်လို တုံ့ပြန်မလဲ..။
ဘေဘီလေး အကြောင်းကိုဘဲ တန်းမေးမလား..။

လူကြီးတွေရှေ့မှာ ကိုယ့်ကိုဘဲ ပြေးဖက်မှာလည်း စိုးရသေးသည်။

ဒီလူက ပြောလို့ရတာမဟုတ်ဘူး..။ သူလုပ်ချင်ပြီဆို ဘယ်သူ့ကိုမှ မျက်နှာမထောက်တတ်တဲ့ အချက်က
သူတို့နှစ်‌လုံး တူသည်မဟုတ်လား..။

"........."

ရင်ခုန်ခြင်းများစွာဖြင့် ထွက်လာသည့် ခြေလှမ်းတွေဟာ
လှေကား တစ်ထစ်ဆီတိုင်းကို ဆင်းနိုင်ဖို့ မနည်း အားယူရသည်။

* ငါ့ဘက်က ခု လို လုပ်တာ အိုဗာများ ဖြစ်နေမလား..*

နှေးကွေးလှသည့် ခြေလှမ်းတွေဟာ..ထို အတွေးကြောင့် ရုတ်တရက် ရပ်တန့်သွားပြန်သည်။

အမှန်ပြောရရင်တော့ သူ့ကို တကယ် တွေ့ချင်ပြီ..။
သူ့ဆီက ခေါင်းလေးပုတ်ပြီး ချီးမွမ်းစကားဆိုသံလည်း
ကြားချင်ပါပြီ.. .။

"........"

" ဒါဆို..ကျွန်မ ပြန်တော့မယ်..အန်ကယ်တို့ ..
အန်တီတို့.."

" ခဏနေပါအုံး..ပို့ပေးမယ်လေ..ဒါမဟုတ်ရင်လည်း မနက်ကျမှ ပြန်ပါလားကွယ်.."
" ဟုတ်တယ် မမမြတ်!!"

"တမျိူးတော့ မထင်ပါနဲ့..အိမ်က မိဘတွေ စိုးရိမ်နေမှာ
စိုးလို့..သော်သော်ရယ်.."

"......."

တစ်ဖက်နဲ့ တစ်ဖက် လွန်ဆွဲနေချိန် နားထဲ ဖြတ်ခနဲဝင်လာသည့် အသံတစ်ခုဟာ..သူရင်း‌နီးနေသည်။
အသံရှင် ဘယ်သူမှန်းလဲ..သူသိနှင့်နေသလို..။

ဒါဆို..ဒါဆို..ခရီးထွက်တယ်ဆိုတာ..တစ်ချိန်လုံး..။

မောင်"ခြေလှမ်းတွေ လှေးကားထစ် တစ်ခုစီတိုင်း
ကို ကျော်ဖြတ်ပြီး ဧည့်ခန်းထဲ ရောက်သွားသည်က မြန်ဆန်လှသည်။

👑မောင့် အရှင် Where stories live. Discover now