Final part ❤️

9.9K 245 12
                                    

👑မောင့် အရှင်

#အပိုင်း ( ၅၅) { ဇာတ်သိမ်းပိုင်း }

အချိန်တွေဟာ အကုန် မြန်တာလား? မောင်မောင်ဘဲ
သတိမထားမိ၍လား မသိ..။ တစ်နေ့ တစ်နေ့ ဘေဘီ ဝေရာဝိစ္စ နဲ့ ‌အိမ်ဦးနတ်ဆိုတဲ့ သူ့ရဲ့ ဝေရာဝိစ္စ တွေကြားမှာ အနှစ်ကြီး နှစ်မြုပ်နေခဲ့သည် လေ ။

အရာရာဟာ မလုပ်ချင်လည်း လုပ်ရမယ်ဆိုတဲ့ စိတ်နဲ့ မဟုတ်ဘဲ သူ့အလိုလို ဖြစ်လာတဲ့ စိတ်ဆန္ဒပေါ် စီးမျှော်ရင်း မောင်မောင်ရဲ့ မပျောက်ပျက်နိုင်ဘူးထင်ခဲ့တဲ့ စရိုက်အချိူ့ဟာ ရိုက်ချိူးခြင်း ခံလိုက်ရ သည်..။

တဖြေးဖြေး ဒီသားအဖ နှစ်ယောက်လုံးနဲ့ ပတ်သက်ရင် အားလုံးကို မောင်မောင် လက်နဲ့ ထိလိုက်ရမှ ကျေနပ်တတ်သည့် အထိ မောင်မောင့်ဆီမှာ psycho ဝင်လာခဲ့ သည်။

တစ်ခါတစ်လေဆို သူ့အတွက် အပြာ အကွက်လေးနဲ့ Necktie ကို ရွေးထားပေး ပေမဲ့ တခြား အပြောင် Necktie ကို ဝတ်သွားတဲ့ အခါမျိူးကအစ သူ အိမ်ပြန်ရောက်လာရင် ဘေးနားက‌နေ တဖွဖွ ပြောတတ်လွန်းလို့ သော်သော်မှာ မောင်မောင်ကို စိတ်တိုတာထက် သူ့အစ်ကို, ကို စိတ်ဆိုးတတ်သည်။

" သူရွေးပေးတာဘဲ ဝတ်သွားလိုက်ပါ ကိုကိုရာ သော်သော် လက်အုပ်ချီပြီး တောင်းပန်ပါရစေ ..နော် ကိုကို့ မိန်းမ တစ်နေ့တမျိူး မရိုးအောင် ပွစိပွစိ ပြောနေတာကို နားမညည်းဘူးလားလို့~ တကယ်ဘဲ သော်သော်ကို အိမ်ပြောင်းအောင်လို့ ကိုကိုတို့ လင်မယားတွေ လုပ်နေကြတာလားလို့! "

ဒီလို‌ စကားတွေ တင်းမာလာရင်တော့ ‌ခေတ်လူ တစ်ယောက် ညီမဖြစ်သူကို ဆူ‌ရပြန်သည်။ အဲလိုချိန်မျိူးမှာတော့ မိန်းမဖြစ်သူက ငြိမ်ကျသွားပြန်ရော..။

" ကိုကို မိန်းမကြောင့် ဒီလို ပြောရတာလေ! ဟဲ့ ငမောင် နင့်ကြောင့် ငါဆူခံနေရပြီ..နင့်ကြောင့် "

" မတတ်နိုင်ဘူး! ငါက မင်းကိုပြောနေတာမှ မဟုတ်တာ~ ဟိုတစ်ယောက်ကိုပြောတာ မင်းဟာမင်း ဝင်ပြောတာ ခံပေါ့.."

ဆိုပြီး ဝ,လုံးရေးချ ဝလုံးဘဲ။ လုံးဝကို ဂရုမစိုက်ဘဲ ရှောင်သွားတတ်သည်..။

👑မောင့် အရှင် Where stories live. Discover now