👑မောင့်အရှင်
#အပိုင်း (၁၈)
".........."
ရေချိူးပြီးကတည်းက မှန်ရှေ့မှာ အဆီမရှိဘဲ အနည်းငယ်စူထွက်နေသော ဗိုက်သားကို အသာကိုင်ကြည့်ရင်း စိုက်ကြည့်နေမိခဲ့တာ ..ဘယ်အချိန်ထိ မှန်းတောင် မသိ။
လာပြန်ပြီ ဒီအတွေးတွေ..သွားစမ်းပါ။
ရင်ဘက်ကို စည်းဖို့ပြင်လိုက်ချိန် ခုတလော ရင်ဘက်တွေက တင်းပြီး နာကျင်နေတာကို ပြန်သတိရသည်မို့ အရင်ကထက် လျော့လျော့လေးသာ စည်းလိုက်၏။
" သားကြီးရေ..မင်းဘဝမှာ ပျော်အောင်နေ..ဘဝမှန်ရင် အသက်အကျတော့..."
ပြင်ဆင်နေရင်းက ဖုန်း Rintong သံကြောင့် မှန်တင်ခုံက ဖုန်းကို စောင်းကြည့်တော့..အောင်အောင်ထံကမို ကိုင် လိုက်ရသည်။
" အေး ပြော.."
" မရောက်သေးဘူးလားကွ.."
" ပြင်နေတုန်း.."
" ပြီးရော..မြန်မြန်လာခဲ့နော် ဟျောင့်..ဒီမှာ အားလုံး ရှယ်ပြင်ထားပြီးပြီ.."
" ငနဲသားရေ ပြင်မနေနဲ့..ဆော်ရှိတာလဲ မဟုတ်ဘူး..မြန်မြန်ကြွလာကွ..ဒီမှာ စောင့်နေတာ ငါးနာရီကတည်းက ဖင်ပူနေပြီ.."
တစ်ဖက်က ဆူညံ့သံတွေကြားမှာ ဘန်းနိုင်သံ ပြဲပြဲကြောင့် မောင်မောင် ပြုံးမိပါသည်။ သူငယ်ချင်းတွေ ဆိုလို့ ဒီကောင်တွေဘဲ ရှိတာမဟုတ်လား..။
" ဖင်ပူနေရင်လည်း ရေခဲနဲ့ ကပ်ထားလိုက်..ဒါဘဲ ငါခု ထွက်လာပြီ.."
" ဟုတ်ပြီ..ခနနေတွေ့မယ်.."
အောင်အောင်နဲ့ ဖုန်းပြောအပြီး ပေါ့ပေါ့ပါးပါး အဝတ်စားကို ရွေးဝတ်ကာ မြန်မြန်ဆန်ဆန် ပြင်ဆင်လိုက်သည်။
အခန်းထဲက ထွက်လာတော့ အောက်ထပ် ဧည့်ခန်းမှာ ပါးပါးက မရောက်သေးပေမဲ့ မယ့်ရယ် အစ်ကို နှစ်ယောက်ရယ်က ထန်းလျက်ခဲဖြင့် စကားပြောနေကြသည်။
စကားဆိုလို့ ပြောစရာ ဘာရှိမှာလဲ တစ်ခါလာလည်း သူ့အကြောင်း၊ တစ်ခါလာလည်း သူ့အကြောင်းဘဲ တိုင် ပင်နေကြမှာပေါ့...။ ခုလောလောဆယ် ကိုယ်က ဒီအိမ်ရဲ့ နံပါတ်သစ် ဦးစားပေးနေရာကို ရောက်နေတာကိုး။
YOU ARE READING
👑မောင့် အရှင်
Romance👑မောင့် အရှင် ငယ်စဉ်ကတည်းက ယောကျာ်းစိတ်ဝင်နေတဲ့ မိန်းကလေး... ဆန့်ကျင်ဘက် လိင်ထက် မိန်းကလေး အချင်းချင်းကိုမှ စိတ်ဝင်စားတဲ့ မိန်းကလေး.. သူ့ကိုယ်သူ LGBT ခံယူထားတဲ့ မိန်းကလေး... တစ်နေ့ ဒီမိန်းကလေးရဲ့ဘဝမှာ မထင်မှတ် ထားတဲ့ အခြေအနေတစ်ခုရောက်လာတဲ့အခါ ဘာတွ...