Part - 53

4.6K 143 3
                                    

👑မောင့်အရှင်

#အပိုင်း (၅၃)

လင်နဲ့ မယား လျှာနဲ့ သွားဆိုသလို အိမ်က ဒီလင်မယားနှစ်ယောက် ဟာလည်း‌လေ သိသိသာသာနဲ့ တမျိူး မသိမသာနဲ့ တမျိူး ရန်ဖြစ်လိုက် ကြတာများ ‌တစ်နေ့ တစ်နေ့ ဘယ်နှစ်ကြိမ်ရှိမလဲမသိ..။

ဒါပေမဲ့ နှစ်‌ ယောက်လုံးက ပညာတတ် မိဘတွေပီပီ တစ်နှစ်ကျော်ကျော် သမီးလေးရှေ့‌တွင် ငယ်သေးတယ်ဆိုပြီးတော့ စကားနိုင်လု ရန်မဖြစ်ကြပေ ။ တတ်နိုင်သမျှ တစ်ယောက် မရှောင်ရင် တစ်ယောက်က ရှောင် သွားတတ်ကြတာလေးတော့ သော်သော် လေးစားမိပါရဲ့။

ခုလည်း ထပ်ဖြစ်ကြပြန်ပြီလေ..။ ကြည့်ရတာ ‌‌တူမလေးတော့ ဒေါ်မျိူး လက်ထဲ ရောက်နေလောက်ပြီ..။

" ဟူးးးးး"

မိန်းမ နောက်ကို ကဗျာကရာဖြင့် တကောက်ကောက် လိုက်ပါသွားသည့် အစ်ကိုဖြစ်သူနှင့်  မီးဖိုခန်းထဲ  အေးစက်စက် မျက်နှာဖြင့် အရင် ဝင်သွားသော ဒီလင်မယားကြောင့် သော်သော်မှာ နခမ်းလေးမဲ့ပြီး အပေါ်ထပ်ကိုသာ တက်ဖို့ လှမ်းခဲ့လိုက်သည်။

သူမမှာ အလုပ်က ပြန်လာလို့ ရေတောင် ဒီလင်မယား‌ ကြောင့် မမသောက်ရတဲ့အဖြစ်..။

" မြင်ရတာတော့ အရမ်းကို ဒေါသထွက်ပြတော့
မလိုလို တကောက်ကောက် လိုက်သွားတဲ့ပုံနဲ့ ပြီးရင် သူဘဲ မိန်းမသဘော မိန်းမသဘော ဆိုပြီး အလျှော့ ပေးပြန်လာအုံးမှာ၊ မြင်ယောင်သေး "

ပါးစပ်ကလည်း ပွစိပွစိနဲ့ ဆိုရင်း မီးဖိုခန်းကို ဖြတ်သွားတော့ ကြားလိုက်ရပါနဲ့ ဒီလင်မယား အ‌ပေါက်
မတည့်တဲ့ စကားလုံး‌တွေ.. ။

တက်လာတော့ အပေါ်ထက် ဧည့်ခန်းတွင် တူမလေးကို ‌ဒေါ်မျိူးက ထိန်းနေသည်ကို မြင်လိုက်ရသည်။

" ‌ဒေါ်မျိူး..ဟိုလင်မယားတွေ ထပ် သတ်ကြပြန်ပြီလား? "
" အဟင်းးး ခါတိုင်းလိုဘဲလေသမီးရယ်၊ ဟို ကိစ္စ ဒီကိစ္စပေါ့ သူမလျှော့ ကိုယ်မလျှော့ဘဲ "

" ကြည့်နေ ကိုကိုဘဲ လျှော့လာရလိမ့်မယ်၊ မိန်းမ သဘောဆိုပြီးလေ.."

" ကလေး မအေကလည်း အရင်က စိတ်က နည်းနည်း ကျန်သေးတော့ သူတို့ ညှိယူရခက်နေအုံးမှာ၊ ဒါပေမဲ့ သမီးယောင်းမက သူ့ဟာသူသာ အသိတာ တဖြည်းဖြည်းနဲ့ ပြောင်းလဲလာပါပြီ.."

👑မောင့် အရှင် Where stories live. Discover now