👑 မောင့်အရှင်
#အပိုင်း (၁၁)
"......"
" ဟင်း..ဘာအသံလဲ ကို..!"ဆူညံသံတစ်ခုကြောင့် သုံးယောက်သား ခေါင်းထောင်သွားသည်။
သော်တာနှင့် ခေတ်လူ တို့နှစ်ဦးစလုံးမျက်လုံးချင်ဆုံသွားကာ ထိုင်နေရာကလည်း ပြိုင်တူ ထဖြစ်လိုက်ကြ၏။
" ကို..တံခါးမှန်ခွဲသံလိုဘဲ..! မီးဖိုခန်းထဲက ထင်တယ်.."
ထသွားသည့် ခေတ်လူလက်ကို ဆွဲထားရင်း သတိပေးသလို ဆိုနေသည့် မြတ်က မောင်မောင့်အကြောင်း ဘာမသိသေး..။
အောက်ထပ် မီးဖိုခန်း နံဘေးမှာ မောင်မောင်နေတာ ကိုး.။
" မြတ် ဒီမှာ ခဏစောင့်နေနော်..သော်သော်လည်း လိုက်မလာနဲ့ ကိုကို ကြည့်ဖြေရှင်းလိုက်မယ်..!"
" ဘာဖြစ်လို့လဲ..ကိုရဲ့..အိမ်မှာ သူခိုးဝင်လို့လား..!"
" ဟုတ်တယ်..မမရဲ့..ကြွက်သူခိုးလေး ဝင်လာလို့.."သော်သော်က သူခိုးလို့သာ ပြောတာ ပြုံးယောင် သန်းနေပြီး ကိုကတော့ အားနဲ့မာန်ဖြင့် ထွက်သွား၍ မြတ်တစ်ဦးတည်း နားမလည်စွာ ဖြင့် ကြည့်ကျန်ခဲ့၏။
ခေတ်လူ ခပ်သုတ်သုတ် ထွက်လာသည်။
ကာလနဂါးကို တံခါးခတ်ထားတာမှ ခုနဲ့ဆို တစ်ရက်လောက်သာ ရှိအုံးမည်။ခုန ကြားရသလောက် ပြတင်းပေါက်မှန်ကို ခွဲနေပုံကသည်။ ခဏနေ ပြတင်းပေါက်ကနေ ပြေးဆင်းသွား ရင်ဆိုသည့် စိတ်ကြောင့် ေခြလှမ်းက ပိုမြန်
လာပါသည်။" ဟိုတစ်ယောက် အထဲမှာ ဘာဖြစ်နေတာလဲ..
မင်းကို ပြောထားတယ်လေ အပြင်ထွက်လျင်ရင် ဒီက ထွက်မသွားပါဘူးလို့ ကတိပေးရမယ်လို့..!"
" ခွမ်း..ချွမ်း.!!""ဟား..ဟျောင့်..!"
ရုတ်တရက် တုံ့ပြန်သံမလာဘဲ မှန်ခွဲသံက ဆက်တိုက် ထွက်လာ၍..အခန်းတံခါးကို ပါလာသည့်
သော့ဖြင့် အမြန်ဖွင့်ယူရတော့သည်။" မောင်မောင်!! မင်း မဟုတ်တာတွေ လျှောက် မလုပ်နဲ့နော်.!! အားလုံး မင်းပြန်လျှော်ရမယ်..ဘုန်း...အု့.."
တံခါးဖွင့်နေရင်း စကားဆိုနေသည့် အသံတွေဟာ အခန်းထဲ ဝင်ဝင်ချင်းမှာပင် တိတ်ကျသွားသည်။
YOU ARE READING
👑မောင့် အရှင်
Romance👑မောင့် အရှင် ငယ်စဉ်ကတည်းက ယောကျာ်းစိတ်ဝင်နေတဲ့ မိန်းကလေး... ဆန့်ကျင်ဘက် လိင်ထက် မိန်းကလေး အချင်းချင်းကိုမှ စိတ်ဝင်စားတဲ့ မိန်းကလေး.. သူ့ကိုယ်သူ LGBT ခံယူထားတဲ့ မိန်းကလေး... တစ်နေ့ ဒီမိန်းကလေးရဲ့ဘဝမှာ မထင်မှတ် ထားတဲ့ အခြေအနေတစ်ခုရောက်လာတဲ့အခါ ဘာတွ...