👑မောင့်အရှင်
#အပိုင်း (၆)
"ဟျောင့်..ဘာလုပ်နေတာလဲကွ..? ကြာတယ်ကွာ ကြောင်ချင်ရင်လည်း အိုလား ပျိူလား သေချာကြည့်အုံးနော်.."
"ဒီမသာက တမှောက် ခဏလေးပါဆို..မောင်မောင်ရာ ငါ့ဦးလေး ကို မတွေ့သေးဘူး..လေယာဉ်ပေါ်က ဆင်းမလာသေးဘူးထင်တယ်.."
" ဒီထက်ကြာရင် ငါဒိုးတော့မှာ.? ဘန်းဘန်း "
" မလုပ်ပါနဲ့ကွာ မင်းဘဲရှိလို့ပါ..ခဏလောက်
စောင့်ပါအုံး လူတွေနဲ့ ရှုပ်နေလို့ မလာသေးတာ
ဖြစ်မယ်..!""ခန္တီးမြို့ လေယာဉ်ကွင်းက အရမ်းကြီးတယ်ဆိုတော့"
ခန္တီးလေဆိပ်မှာ မောင်မောင်နဲ့ ဘန်းဘန်း အပေးအယူမမျှ ဖြစ်နေကြသည်။
တကယ်က မောင်မောင့်မျက်စိထဲ အထုတ်အပိုးတွေဖြင့် ရောက်လာတဲ့ ဟိုမောင် နှမနှစ်ယောက်ကြောင့်..အမြန်ပြန်ချင်တာ..။ဒီလူကိုမြင်တိုင်း ချောင်းစပ်မှာ ဖြစ်ခဲ့တဲ့ မြင်ကွင်းက မျက်စိထဲ ရစ်ဝဲနေဆဲ..ပေါ်လာလေ ဒေါသက ထွက်လေ..။
လေယဉ်ပေါ်မှ ခရီးသည်များ ဆင်းလာကြပြီ ဖြစ်သည်။သို့သော် ဘန်းဘန်းရဲ့ ဦးလေးက ခုထိမတွေ့သေး..စောင့်ရတာပျင်းတဲ့ မောင်မောင် ခေါင်း
ကို တဖျင်းဖျင်းကုတ်လျက် မျက်နှာက မကောင်း
ချင်..။" မောင်မောင် ဟိုမှာ ကိုခေတ်လူတို့မောင်နှမဘဲ
ဒီနေ့ပြန်ကြမယ် ထင်တယ်..ဟေ့ သော်တာ..!!"ဘန်းဘန်းတို့များ သူ့ကို လက်ပုတ်ပြီးပြော၍ပင်မဆုံးသေး ရှေ့ကဖြတ်သွားသည့် သော်တာကို လှမ်းခေါ်ပြီး အနားထိကိုလျှောက်သွားသေးသည်။
ထို မောင်နှမ နှစ်ယောက်လုံးက ဘန်းဘန်းကိုမြင်းပြီး
လှည့်လာကာ မောင်မောင်ကိုပင် စူးစိုက်ကြည့်သွား
ကြသေးသည်။ဟိုလူက ပိုဆိုးမလား..လူကို တည့်တည့်နဲ့ ဝါးစားမတတ် ကြည့်နေလိုက်တာ..အဲဒီအကြည့်ေတွမှာ
အထင်းသေးမှု မုန်းတီးမှုတွေက ရောယှက်နေလိမ်မည်..။မောင်မောင်ပါ..ဒီလောက်အကြည့်များ..။
ပါးစောင်းကို လျှာနဲ့ထိုးပြီး ဘာဖြစ်ချင်လဲဆိုတဲ့
သဘောနှင့် မှေးကိုဆတ်ခါ ကြည့်ပစ်လိုက်သည်။
YOU ARE READING
👑မောင့် အရှင်
Romance👑မောင့် အရှင် ငယ်စဉ်ကတည်းက ယောကျာ်းစိတ်ဝင်နေတဲ့ မိန်းကလေး... ဆန့်ကျင်ဘက် လိင်ထက် မိန်းကလေး အချင်းချင်းကိုမှ စိတ်ဝင်စားတဲ့ မိန်းကလေး.. သူ့ကိုယ်သူ LGBT ခံယူထားတဲ့ မိန်းကလေး... တစ်နေ့ ဒီမိန်းကလေးရဲ့ဘဝမှာ မထင်မှတ် ထားတဲ့ အခြေအနေတစ်ခုရောက်လာတဲ့အခါ ဘာတွ...