Part-3

4.3K 102 0
                                    

👑 မောင့်အရှင်

#အပိုင်း (၃)

" ဟျောင့်..ဘယ်လဲ!! ညကြီးမင်းကြီး.. "

မောင်မောင် ခေါင်းငိုက်စိုက်ဖြင့် အိမ်ထွက်
ပြီး လမ်းထိပ်အရောက် နားထဲ ကြားဖူးနားဝရှိသည့် ထို အသံရှင်ကြောင့် အသံရှင်ဘက်လှည့်ကြည့်ပေမဲ့ စူးရှလွန်းတဲ့ ဆိုင်ကယ်မီးရောင်ကြောင့် အသံရှင်ကို မမြင်ရဘဲရှိနေသည်။

" ငါပါကွ..!! ‌မင်းကလည်း.."
" အော်..မင်းလား!! ဆိုင်ကယ်မီးက ထိုးနေတော့
ဘယ်သူလဲလို့.. "

နည်းနည်းလေးတောင် အချိူးမပြေတဲ့ စကား..

""အော်..မင်းလား.."" တဲ့..။

အသင်းသားအိမ်ကို သွားပြီး ဆုသွားတောင်ပေးတဲ့
ပါးပါးကို ကြိုဖို့ ထွက်လာခဲ့တာ..။

အမှောင်ထဲ ခေါင်းကြီးငိုက်ပြီးလျှောက်လာသည့် အရိပ်ကြောင့် သူရှောင်မယ်ရှိသေး..လည်စိမပါတဲ့
လည်ပင်းကို မြင်မှ ဒီကောင်မှန်းသိတော့သည်။

" ဘယ်လဲကွ..ခေါင်းကြီးငိုက်ပြီး မီးလည်းမပါနဲ့.."
" ခန္တီးလေ..!!"
" ညကြီးကို..!"
" သွားနေကြပါ.."
" မင်း ကောင်မလေးချိန်းတာ အဲလောက်တောင်
အရေးကြီးလားကွ.."
" ဟား... ဟား... ဘဝရဲ့အစိတ်အပိုင်း တစ်ခုဘဲလေ..
အရေးကြီးတယ်လဲမဟုတ်ပါဘူးဗျာ.."

"လေးစားတယ် မင်းကို..ဟား.. ဟား..ကောင်မလေး
တွေအကြောင်း မင်းဆီကသင်မှ ဖြစ်တော့မယ်.."

" မချစ်တတ်သေးရင် အဲလိုဘဲကွ.."

မောင်မောင် ပါးနဲ့ ရန်ဖြစ်လာပေမဲ့ တခြားသူတစ်ယောက်နှင့် စကားပြောလိုက်၍ ရင်ထဲတောါ အနည်းအကျဉ်းပေါ့သွားသည်။

"လာလေ ‌ဘယ်သွားမလဲ လိုက်ပို့ပေးမယ်.."

" ေတာ်ပါပြီ..‌အောင်အောင်အိမ်မှာ စောင့်နေတယ်..
သူ့တို့နဲ့ အတူသွားမှာ.."

" ဒါဆို သွားပြီ..ငါ့ညီရေ..ဂရုစိုက်အုံး.. "

" အေးဆေးပါ.."
" ဟင်း..!!!"

ခေတ်လူ..လူ‌ငယ်သဘာဝ စိတ်အားထက်သန်နေတဲ့
ဒီကောင်လေးကို သဘောကျစွာပြုံးပြပြီး ပါးပါးကို ကြိုဖို့ ထွက်လာခဲ့သည်။

👑မောင့် အရှင် Where stories live. Discover now