👑မောင့်အရှင်
#အပိုင်း(၅၀)
ဒေါ်လေးတို့၊ မယ်တို့ ဆွဲထား၍ ရွာမှာတင် နောက်ထပ် နှစ်ပတ်လောက်ကြာသွားသည်။
ရန်ကုန်မှာ ချန်ထားတဲ့ အလုပ်ကော၊ သူ့ရောဂါကပါ ရှင်းရှင်းမပျောက်သေးသည့်အပြင် ဘေဘီ့အတွက် ပြနေကျဆေးရုံက ဘေးနားမှာ အသင့်ရှိ နေရမှာမို့ ရန်ကုန်ကို အမြန် ပြန်ဆင်းဖို့ ဖြစ်သွားသည်။
အစကတော့ နှစ်ဖက်မိသားစုနှစ်ဘက်လုံးက လက်မခံပေမဲ့ ဘေဘီ့အတွက်နဲ့ ဒီလူ့ကျန်းမာရေး အတွက် စဉ်းစားပြီး လွတ်လိုက်ဖို့ လက်ခံလိုက်ကြ သည်။
><
ဒီနေ့တော့ ရန်ကုန် ပြန်ရတော့မှာမို့ အိမ်မှာ မုန့်လက် ဆောင်းလေးလုပ်ပြီး နှစ်ဖက်မိသားစုနဲ့ ဆွေမျိူး အချိူ့ကို ဖိတ်ပြီး ဆုတောင်းပွဲလေး လုပ်ဖြစ် သည်။
တစ်အိမ်သားလုံးလည်း အလုပ်တွေရှုပ်လို့..။
ကိုကြီးလည်း မနေ့က ခရီးပြန်ရောက်တည်းက သူ့ တူမကို လက်ကနေကိုမချတော့..။ဒါကို မျက်စိပမွားဆူးနေတဲ့ ဖအေဖြစ်သူကလည်း
မီးဖိုခန်းထဲမှာ ရေသယ်တာဝန်ကျတဲ့ သူမဆီ ရောင်လည်လည်နဲ့ ရောက်လာပေါင်း များနေပြီ..။
" မင်း သူငယ်ချင်းတွေနဲ့ကော နုတ်ဆက်ပြီးပြီလား?"
" မဆက်ရသေးဘူး.."ခေါင်းခါပြီး ရေသန့်တွေကို ရေစည်ထဲ ထည့်တော့
သူကဘေးကနေ ကပျာကရာနဲ့ ဝိုင်းမဖို့လုပ်နေ၍" အေးဆေး သွားထိုင်နေစမ်းပါ မင်းနေကောင်းသေးတာမဟုတ်ဘူး.."
" ထိုင်နေရတာ ဖင်တောင် ကြိမ်းနေပြီ..မိန်းမရာ.."
" ဘေဘီနဲ့ အိမ်ရှေ့ လမ်းလျှောက်ထွက်ပေါ့.."" မပြောချင်တော့ပါဘူးကွာ..မင်း အစ်ကိုလေ ငါ့သမီးကို အပိုင်သိမ်းထားတာ ပြောရင်လည်း တွန့်တိုတယ် ဖြစ်အုံးမယ်၊ မနေ့ညကတည်းက ငါ့သမီးက ငါ့လက်ထဲ ရောက်တယ်ကို မရှိဘူး.. လက်ကနေများ ဘယ်ချိန် ချမလဲကြည့်နေတာ ဟိုဧည့်သည်က ပွေ့သွားလိုက် ဟော နောက်တစ်ယောက်က ခေါ်သွားလိုက်နဲ့"
"........."
" ကိုယ်ပြောတာ ကြားရဲ့လားလို့ မိန်းမရာ.."
YOU ARE READING
👑မောင့် အရှင်
Romance👑မောင့် အရှင် ငယ်စဉ်ကတည်းက ယောကျာ်းစိတ်ဝင်နေတဲ့ မိန်းကလေး... ဆန့်ကျင်ဘက် လိင်ထက် မိန်းကလေး အချင်းချင်းကိုမှ စိတ်ဝင်စားတဲ့ မိန်းကလေး.. သူ့ကိုယ်သူ LGBT ခံယူထားတဲ့ မိန်းကလေး... တစ်နေ့ ဒီမိန်းကလေးရဲ့ဘဝမှာ မထင်မှတ် ထားတဲ့ အခြေအနေတစ်ခုရောက်လာတဲ့အခါ ဘာတွ...