Part - 48

4.8K 137 5
                                    

👑မောင့်အရှင်

#အပိုင်း (၄၈)

" ......."

အချိန်က မနက် ၂ နာရီ ! သမီးလေး ငိုသံကြောင့်
ခေတ်လူ ရုတ်ရက် နိုးလာသည်။

"ကျွတ်!! ကျွတ်.."

မျက်လုံး မဖွင့်သေးဘဲ လက်ဖြင့် ဘေးနားက သမီးမှန်းပြီး စမ်းလိုက်ပေမဲ့ အလွတ်ကြီး!

စူးရှလွန်းသည့် စားပွဲခုံတင် မီးရောင်ကြောင့် မျက်လုံးကို မနည်း အားတင်းဖွင့်ပြီး ဘေးကို ကြည့်တော့ သမီးကော မောင်မောင်ပါ ရှိမနေ၍ စိုးရိမ်စိတ်ပေါင်းများစွာဖြင့် ငေါက်ခနဲ့
ထထိုင်ပြီး

ပြူးကျယ်သွားသည့် မျက်လုံးကလဲ ဘေးပတ်လည်ကို ဝေ့ပတ်ကြည့်မှ သားအမိနှစ်ယောက်ကို တွေ့ရတော့သည်။

ကိုယ်ကဘဲ ကလေးနိုးသံကြားလို့ အရင်ဆုံး ထတယ်ထင်ခဲ့တာ..သူမက ကလေးတောင် ပြန် သိပ်နေပြီတဲ့လား..။

ပြတင်းပေါက်ကို မျက်နှာမူ ချထားသည့် ထိုင်
ခုံတွင် သူ့ကို ကျော်ပေးပြီး ထိုင်နေသည့် သူ့မိန်းမ
လေး..! သမီးကို နို့တိုက်‌ နေပုံပင်..။

သမီး ကိုယ်ဝန်‌ဆောင်ချိန်တုန်းက မောင်မောင့်စိတ် ဓာတ်နဲ့ဆို သမီး‌‌လေးကို နို့တောင် တိုက်ပါ့မလားဆိုပြီး  သူ ဘယ်လောက် ‌တွေးပူခဲ့ရလဲ..။

ခုတော့ လူတွေ‌ ရှေ့မှာသာ တရားဝင်မတိုက်တာ
သမီးလေး နို့ဆာလို့ ငိုတာနဲ့ အဲဒီနေရာမှာ မရှက် မကြောက် နို့တိုက်လို့တောင် သူ့မှာ တားရခက်! ဆီးရခက်နဲ့..။

သူလည်း ထပ်အိပ်မရတော့တာမို့ သူမတို့ သားအမိဆီကို ဆင်းလာခဲ့သည်။

" ဘယ်ချိန်ကတည်းက နိုးနေတာလဲ..! "

" ရှူးးးး "

သူ့အမေးကို မဖြေဘဲ မော့ကြည့်လာပြီး လက်ညိုးကို နှခမ်းပေါ် ဖိချကာ တိုးတိုးနေပါဆိုသည့် ဟန်လုပ်ပြလာ၍ သူလည်း ‌ခေါင်း ငြိမ့်ပြလိုက်ပြီး
သူမဘေးနားကို ဝင်ထိုင်လိုက်သည်။

" နိုးနေတာ ကြာပြီလား? "

"........"

တိုးတိုးနေလို့ ‌လုပ်ပြလိုက်တာဘဲ မှားပြီထင်ပါရဲ့..။ နား, အနား ကပ်ပြီး ‌ညင်ညင်သာသာ မေးလာ၍ သူ့ရဲ့ အသက်ရှု သံနဲ့ လေယူလေသိမ်းကစ ‌မောင်မောင် ခံစားနေရသည်။

👑မောင့် အရှင် Where stories live. Discover now