👑မောင့်အရှင်
#အပိုင်း(၂၃)
ကတ်သရာလမ်းမပေါ် ဆိုင်ကယ်တစ်စီး ဖြေးညင်းစွာ မောင်းနှင်ပေမဲ့ မောင်းသူ ရင်ဘက်ထဲမှာတော့ အပူမီး တွေ တောက်တောက်လောင်နေ၏။
“ ကိုခေတ်လူ..ကျွန်တော် ညီမလေး စစ်လွန်းလေ စစ်လွန်း အခန်းထဲ မရှိဘူး..တစ်ခုခု လုပ်ပါအုံး..သူသွား တတ်တဲ့နေရာ သိထားတာ ရှိလားဗျား..သူ့ သူငယ်ချင်းတွေကို မေးတာလည်း မသိဘူးတဲ့ဗျာ..တစ်မိသားစု လုံး သူ့ကို စိတ်ပူနေကြတယ်..”
“ စိတ်မပူပါနဲ့ဗျာ..အားလုံးစိတ်အေးအေးထား ကိုနိုင်ဦးက လူကြီးတွေကို ဖြောင်းဖျထားပေးပါ ကျွန်တော် စစ်လွန်းကို ရအောင် ခေါ်လာခဲ့မယ်..”
စိတ်မပူနဲ့လို့သာ မှာထားခဲ့တာ သူကိုယ်တိုင်ကလည်း ကိုယ်ဝန်တဘက်နဲ့ ဒီကောင်မလေးအတွက် အပူတွေက တပွေ့တပိုက်ကြီး..။
မိသားစုလိုက် မောင်မောင် အိမ်ကို သွားဖို့ ရှိသေး ငိုချင်းမတတ် သူ့ထံ ဖုန်းဆက်လာသည့် နိုင်ဦး..။
ခေတ်လူ ခေါင်းမီးဘယ်လောက် တောက်နေလဲဆိုတာ သူသာအသိဆုံး..။
သူဒီလောက် အတန်တန်မှာထားရဲ့သားနဲ့ လူတွေ့ရှေ့ သူ့ကို တမင် ပညာပြပြီး အရှက်ခွဲလိုက်တဲ့သဘော..။
ရင်ဘဲ ပူလောင်ပြီး သူမအတွက်လည်း စိတ်ပူသည့်အပူကို တဖြူးဖြူးတိုက်ခိုက်လာသည့် မနက်ခင်းလေ အေးကလည်း မငြိမ်းစေနိုင်ပါ..။
#မင်းကွာ ပြသနာ သိပ်ရှာနိုင်လွန်းတယ်..။
ရင်ထဲကနေတောင် အရင်ကလို ပစ်ပစ်ခါခါ မပြောနိုင်ပါ..သူမ ဘက်က စဉ်းစားရင်လည်း ဘယ်လောက် ပင်ပန်း လိုက်မလဲ..သူနားမလည်တာမဟုတ်..သူမရဲ့ ဂျစ်ကန်ကန် အကျင့်တွေကို မကြိုက်တာ..နေပုံထိုင်ပုံတွေက နည်းနည်းမှ အချိူးမပြေ..။
ရင်ထဲကနေ အလုံးကြီးတစ်နေလျက် လေပူ တစ်ချက် မှုတ်ထုတ်ရင်း ဘေးဘီကို ကျီးကန်းတောင်းမှောက် ရှာရပြန်သည်။
ဘာလိုလိုနဲ့ သူ့ ဆိုင်ကယ်လေးပင် ချင်းတွင်းမြစ်ကူး တံတားကိုတောင် ရောက်နေပြီ..။
“ ဘယ်ရောက်နေတာလဲကွာ..မောင်မောင်ရာ..ကိုယ်ဝန်တဘက်နဲ့..ကျစ်..”
YOU ARE READING
👑မောင့် အရှင်
Romance👑မောင့် အရှင် ငယ်စဉ်ကတည်းက ယောကျာ်းစိတ်ဝင်နေတဲ့ မိန်းကလေး... ဆန့်ကျင်ဘက် လိင်ထက် မိန်းကလေး အချင်းချင်းကိုမှ စိတ်ဝင်စားတဲ့ မိန်းကလေး.. သူ့ကိုယ်သူ LGBT ခံယူထားတဲ့ မိန်းကလေး... တစ်နေ့ ဒီမိန်းကလေးရဲ့ဘဝမှာ မထင်မှတ် ထားတဲ့ အခြေအနေတစ်ခုရောက်လာတဲ့အခါ ဘာတွ...