👑မောင့်အရှင်
#အပိုင်း(၄၉)
" ကိုယ်မင်းကိုချစ်တယ်! အရမ်းချစ်တယ် မိန်းမ) တစ်ချိန်တုန်းက မပြောမိတာတွေကို အတိုး ချပြီး နေ့တိုင်းပြောဖို့ ဆုံးဖြတ်ထားတယ်.."
စကားတစ်ခွန်းဆိုတိုင်း ပိုပို အားထည့်ပြီး တင်းတင်း ဖက်လာ၍ ကိုယ်ကို သူနဲ့ တသားတည်း ကပ်မသွားအောင် သူ့ကိုယ်ကြီးကို လက်နဲ့ အမြန် ထောက်ထားပစ်လိုက်ရသည်။
တစ်ဖက်ကလည်း တဒုန်းခုန်နေတဲ့ နှလုံးသားရဲ့ ဆန္ဒအား ဒီလူ့ကို မကြားစေချင်သေး..။
သူ့စကား တစ်ခွန်းနှစ်ခွန်းနဲ့ ပျော့ညံ့သွားတဲ့သူဟူ၍ ကမ္ဗည်းမတင်နိုင်ပါ..။ထို့အတူ တစ်သက်လုံး ကိုယ့်ဘက်ကသာ မျက်စိထဲ သဘောလာတဲ့ မိန်းမကလေးတွေကို ချစ်ရေး ဆိုခဲ့ဖူးပြီး ဒီလို ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တဲ့ အထိ တစ်ကြိမ်မှ ရင်လည်း မခုန်ဖူး..။
ခုလို ဆန့်ကျင်ဘက်လိင်ရဲ့ ချစ်ရေး စကား အပြောခံရတော့ ပို၍ဆိုးသည်။
" ......"
ဒီလူ့ ရင်ခွင်ထဲမှာ သူ့ရဲ့ ကိုယ်သင်းနံ့ လေးကအသက်ရှုလိုက်တိုင်း အလုအယှက် ဝင်လာသည်။
တကယ်ပြောရရင် ဒီလူရဲ့ ကိုယ့်သင်းနံ့ကို သူသဘောကျလွန်းလို့ ခိုးရှိုက်ခဲ့ဖူးသည်။တရားဝင် ရှိုက်နိုင်ဖို့ မောင်မောင် လက်ခံဖို့ မရဲပါလေ..။
"ပြီးတော့) ခုကစပြီး မိန်းမကို ငါ လိုက်တော့မှာ! ဒါကြောင့် ကိုယ့် အချစ်တွေကို လက်ခံဖို့ သဘော တူဖို့ မိန်းမ ပြင်ထားရတော့မယ်ထင်တယ်!
ဟင်းးး"ရစ်မူးဖွယ်ရာ သူ့ရဲ့ ရယ်သံလွင်လွင်ကြောင့် ကိုယ် တစ်ခုလုံး ချွေးတလုံးလုံးဖြစ်နေသော အသိဝင်လာ၍ သူ့ရင်ခွင်ထဲက ခေါင်းကိုထောင်ပြီး ရုန်းမယ်လုပ်သော်လည်း မျက်နှာပြင်တစ်ခုလုံးပေါ်ကို နူးညံ့စွာ ကျရောက်လာတဲ့ သူ့အနမ်းတွေကို မျက်လေးစင်းကာ ကျေကျေနပ်နပ်ကြီး ခံယူမိသည့်အထိ မောင်မောင် ရူးသွားသည်။
ဟုတ်တယ်! မောင်မောင် တကယ် ရူးသွားပြီ!
ဒီလူရဲ့ အယုအယမှာလား? သူ့ရဲ့ အထိအတွေ့မှာလား? ဒါမှမဟုတ် ဒီလူပြောနေတဲ့ အချစ်ဆိုတဲ့ အိုင်ကြီးမှာလား?
ВЫ ЧИТАЕТЕ
👑မောင့် အရှင်
Любовные романы👑မောင့် အရှင် ငယ်စဉ်ကတည်းက ယောကျာ်းစိတ်ဝင်နေတဲ့ မိန်းကလေး... ဆန့်ကျင်ဘက် လိင်ထက် မိန်းကလေး အချင်းချင်းကိုမှ စိတ်ဝင်စားတဲ့ မိန်းကလေး.. သူ့ကိုယ်သူ LGBT ခံယူထားတဲ့ မိန်းကလေး... တစ်နေ့ ဒီမိန်းကလေးရဲ့ဘဝမှာ မထင်မှတ် ထားတဲ့ အခြေအနေတစ်ခုရောက်လာတဲ့အခါ ဘာတွ...