Chapter (19)
ခဏစောင့်မီးကိုအစပြုခြင်း၊ မီးဖိုကိုအပူပေးခြင်း၊ ဆေးပင်များ သန့်စင်ခြင်း ဝိညာဥ်စွမ်းအင် ထုတ်လွှတ်ခြင်း စသည်တို့ကို တစ်ချိန်တည်းတွင် ပြုလုပ်သွားသော်လည်း လုရွှမ် ဘယ်လိုမှ ပြောင်းလဲမသွားချေ။
စိတ်ထဲတွင် လှည့်ကွက်များစွာ ရှိနေသော်လည်း သာမန်အဆန်ဆုံး နည်းလမ်းကိုသာ အသုံးပြုခဲ့သည်။ သို့သော် တခြားလူတွေရဲ့ အမြင်မှာတော့ ၎င်းသည်လုံးဝ ပြီးပြည့်စုံဆဲဖြစ်သည်။
"တော်လိုက်တာ!"
"သူ့ရဲ့ ကိုယ်ရေးရာဇဝင်ကို ယူလာခဲ့!"
"လုရွှမ်...ဘယ်သူ့တပည့်လဲ? ငါတစ်ခါမှမကြားဖူးဘူး!"
"အဂ္ဂိရတ်ပညာက အရမ်း အရေးကြီးတယ် အဲဒါကြောင့် စိတ်ကတည်ငြိမ်နေပြီး လှုပ်ရှားမှုကလည်း ရေပြင်လို ချောမွေ့နေရမယ်...ကြည့်ရတာ ဒီကောင်လေးတော့ အောင်မြင်မှု ကြီးကြီးမားမား ရတော့မယ့်ပုံပဲ"
မကြာမီတွင် အဂ္ဂိရတ်ပညာရှင် သုံးဦး၏ မျက်လုံးများက သူ့ကို အာရုံစိုက်မိသွားကာ သူတို့၏ မျက်နှာများသည် ချီးမွမ်းခြင်းများဖြင့် ပြည့်နှက်နေသည်။
မဖြစ်သေးသော အဂ္ဂိရတ်ပညာရှင် တစ်ဦးမပြောနဲ့ သူတို့ကိုယ်တိုင် ဆိုရင်တောင် ဆေးကို မြန်မြန်ဆန်ဆန် သန့်စင်လိုပြီး အချိန်ကောင်းနှင့် ခွန်အားရှိရင်တောင် လုံလောက်စွာ လုပ်နိုင်မှာကို ကြောက်ရသည်။
ဆယ်မိနစ်လောက်ကြာတော့ လုရွှမ် ရပ်တန့်သွားသည်။ အဂ္ဂိရတ်မီးဖိုကို ဖွင့်လိုက်တော့ ဆေးနံ့တွေ ထွက်လာ၏။
ပထမတန်းစား ရှန်းရွှယ်ဆေးကို အောင်မြင်စွာ သန့်စင်ပြီးသွားပြီ!
"ဒီလောက်တောင် မြန်တယ်....."
လုရွှမ် မီးဖိုဖွင့်လိုက်တာ မြင်တော့ ရှောင်းရှောင်းရဲ့ အမူအရာက ရုပ်ဆိုးသွားတော့သည်။
မှော်ဆေးလုံးကို သန့်စင်ခြင်း၏ အမျိုးမျိုးသော အဆင့်များသည် ခက်ခဲပြီး ရှုပ်ထွေးသည်။ သူမရဲ့ဆရာ ဒုတိယအဆင့် အဂ္ဂိရတ်ပညာရှင် ချိုးကျာမင်တောင် ဒီလောက်မမြန်နိုင်ဘူး။