Chapter (7) Arc 2
ချင်ဟွာ"သခင်ငယ်လေး... မနေ့ကတည်းက လူတော်တော်များများက သခင်ငယ်လေးကို သူငယ်ချင်းလို့ ပြောပြီး လိုက်ရှာနေတယ်....တံခါးပိတ် ကျင့်ကြံနေတယ်လို့ ပြောတော့ သူတို့ အနှောင့်အယှက် မပေးဘဲ ထွက်သွားကြတယ်!"
မုယန်ဖုန်းက ရှင်းပြသည်။
"သွားကြည့်ရအောင်!"
လုရွှမ် ခေါင်းညိတ်ပြကာ မီးဝံပုလွေနဲ့ ရန်ပွဲဖြစ်ခဲ့ရာနေရာသို့ လျှောက်သွားလိုက်သည်။ ခဏအကြာတွင် မီးတောက်လောင်နေသော မီးဝိုင်းနံဘေးတွင် ဟွာချောင်နှင့် အခြားလူများကို တွေ့ရလေ၏။
"အမ်း? သူတို့ အများကြီး တိုးတက်လာမယ်လို့ ငါ မမျှော်လင့်ထားဘူး!"
လူငါးယောက်ကို ကြည့်လိုက်ပြီး လုရွှမ် မျက်ခုံးပင့်သွားသည်။
လွန်ခဲ့သည့် သုံးရက်အတွင်း သူနှင့် မုယန်ဖုန်းတို့ တိုးတက်အောင်မြင်ခဲ့သည် သာမက ၎င်းတို့ရှေ့မှ လူငါးဦးသည်လည်း အသက်ရှုချိန်မှာ ပုံမှန်ပြန်ဖြစ်ကာ ဒဏ်ရာများ မကျန်တော့ဘဲ ၎င်းတို့၏ ကြံ့ခိုင်မှုမှာလည်း များစွာ တိုးတက်လာခဲ့သည်။
အသက်ရှင်ခြင်းနှင့် သေခြင်းဆိုင်ရာ လေ့ကျင့်မှုသည် လူများကို အကောင်းဆုံး တိုးတက်စေနိုင်သည်။ ရွှေသံချပ် မီးဝံပုလွေနှင့် တိုက်ပွဲတွင် ၎င်းတို့၏ ခန္ဓာကိုယ်တွင်းရှိ ခွန်အားများ ကုန်ဆုံးလုနီးပါး ဖြစ်ခဲ့ပေမယ့် ကံကောင်းစွာနဲ့ လွတ်မြောက်ခဲ့ကြသောကြောင့် ၎င်းတို့သည် သဘာဝကျကျ လျင်မြန်စွာ တိုးတက်လာခဲ့သည်။
လူအုပ်ကြားတွင် သြဇာအရှိဆုံးဖြစ်သည့် ဟွာချောင်သည် အတုတံဆိပ်နယ်ပယ်၏ အလယ်အလတ် အဆင့်မှ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ဟန်ရွှယ်နှင့် အခြားသူများသည် အစောပိုင်းအဆင့်မှ အလယ်အလတ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"ကျင့်ကြံလို့ ပြီးသွားပြီလား?"
ခြေသံကြားတော့ လူတိုင်းက ခေါင်းကို လှည့်ကြည့်လာပြီး သူ့ကိုမြင်တော့ အားလုံးက ပြုံးလိုက်ကြသည်။