Chapter (10)
နောင်တခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး မှတ်ဉာဏ်တွေကို ရရှိခဲ့ပြီးနောက် လုရွှမ်သည် မူလပိုင်ရှင်အကြောင်း သေသေချာချာ ရှင်းရှင်းလင်းလင်းကို နားလည်သွားပြီ ဖြစ်သည်။
သူသည် မျက်စိရှေ့က ဆူးယာကို အသက်နဲ့ရင်းပြီး ချစ်မြတ်နိုးသူ ဖြစ်ပေ၏။ ငွေစတွေကို အားသွန်ခွန်စိုက် ကြိုးစားရှာဖို့ သူမကျောင်းတက်နိုင်ဖို့သာ မကူညီပေးခဲ့ပေးရင် နောက်ဆုံးမှာ သူမက ရွာကျော်အလှပဂေးပဲ ဖြစ်နေမှာ။
ပြီးတော့ သူမပါးစပ်က ပြောသလို 'ဘာဆက်ဆံရေးမှ မရှိဘူး' ဆိုရင် သူတို့နှစ်ယောက် ထာဝရ အတူနေမယ်လို့ တိတ်တိတ်လေး ကတိပြုခဲ့တာတွေကရော။ အဲဒါကြောင့်သာ မဟုတ်ရင် မူလပိုင်ရှင်က မှောင်ခိုဈေးကွက်မှာ ကျောက်စိမ်း လက်ကောက်တစ်ကွင်းအတွက် အသက်သေတဲ့အထိ တိုက်ခိုက်ခဲ့မှာ မဟုတ်ဘူး။
တစ်ဖက်လူကတော့ သူ့ကို သာမန်သူငယ်ချင်းလိုပဲ ဆက်ဆံတယ်တဲ့လေ။
"ကောင်းလိုက်တဲ့ သာမန်သူငယ်ချင်း"
လုရွှမ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"လုရွှမ် နင်ဘယ်အချိန်က ရောက်နေတာလဲ?"
ဆူးယာလန့်သွားပြီး ခေါင်းကို အမြန်လှည့်လိုက်တော့ လူငယ်လေးက သူမရှေ့ကို ဖြတ်လျှောက်လာနေတာ တွေ့လိုက်ရသည်။
"မင်းရဲ့ အခွင့်အရေးကောင်းကို နှောင့်ယှက်မိသွားလို့လား?"
လုရွှမ် အေးစက်စွာ ရယ်လိုက်သည်။ အရင်က သူ့ရဲ့ ညီနောင် မူလပိုင်ရှင်အတွက် ဆန္ဒကို ဖြည့်ဆည်းပေးချင်ခဲ့ပေမယ့် အခုတော့ ဒီအမျိုးသမီးအပေါ် အမြင်ကောင်းတွေ တစ်ခုမှ မရှိတော့ပေ။
"ဘာတွေ လျှောက်ပြောနေတာလဲ?"
ဆူးယာသည် သူမ၏ လှပသော အသွင်အပြင်ကို ပြန်လည်ဖမ်းယူလိုက်ပြီး မကျေမနပ်နဲ့ မျက်မှောင်ကြုတ်လိုက်သည်။
"ဒါက မော့ချန်လူကြီးမင်း.... မြန်မြန် ဂါဝရမပြုသေးဘူးလား?"
"မလိုဘူး" လုရွှမ် လက်ဝေ့ယမ်းလိုက်သည်။
YOU ARE READING
ပြန်မွေးဖွားလာသော ဧကရာဇ် (ဘာသာပြန်) book 1
حركة (أكشن)chinese novel fan translation