Chapter (43)
၆ခန်းမြောက်ဝန်ထမ်း၏ မထီမဲ့မြင်ပြုမှုနှင့် အတွေးအမြင်များကို အာရုံစိုက်ရန် အချိန်မရှိသော လုရွှမ်သည် မုရှန့်အစီအရင် ပုံစံထဲသို့ လျှောက်သွားသည်။
ပထမအခန်းရှေ့ရှိ ပွင့်လင်းသော နေရာ၌ လူတစ်ဒါဇင်ခန့် တင်ပျဉ်ခွေ ထိုင်ကြနေပြီး မျက်နှာများနီရဲ ရောင်ရမ်းကာ ဒဏ်ရာပြင်းထန်စွာ ရထားကြပုံရသည်။
ပထမလှိုင်းတွင် တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နိုင်သရွေ့ မုရှန့်အစီအရင် ဖွဲ့စည်းမှုသည် ၎င်းတို့အား အနားယူရန် အချိန်ပေးမည်ဖြစ်သော်လည်း ဤနေရာတွင် အနားယူခြင်းသည် ငွေများစွာ ကုန်ကျမည်ဖြစ်ပြီး လူအများက လှည့်ထွက်ရန် ရွေးချယ်ကြမည် ဖြစ်သည်။
"ဟားဟား... နောက်ထပ် သေလမ်းလာရှာတဲ့ လူတစ်ယောက် ရောက်လာပြီ"
"အကာအကွယ် ဝတ်စုံတောင် မဝတ်ထားဘူး... မွေးကင်းစနွားက တကယ် ကျားကို မကြောက်ဘူးပဲ"
"မြန်မြန် ထွက်သွားရမှာပါပဲ"... ...
သူရောက်လာတာကို မြင်တော့ ထိုင်နေတဲ့လူတွေ အားလုံးကသူ့ကို မျက်လုံးပြူးကြည့်လာပြီး ရယ်မောကြလေသည်။သူတို့ အကာအကွယ် ဝတ်စုံဝတ်ထားတာ မမြင်ဘူးလား။ သူတို့အားလုံး ဒီလို အရိုက်ခံလိုက်ရတယ်။ ဘာမှမဝတ်ဘဲ ဒီအတိုင်းဝင်သွားရင် သေလမ်းရှာနေတာ မဟုတ်လို့ ဘာလဲ?
ဝှစ်.....
သူတို့၏ ငြင်းခုံမှုများကို လျစ်လျူရှုကာ လုရွှမ်သည် ဖွဲ့စည်းခြင်းကို စတင်ခဲ့သည်။
ဝူ....ဝူ....
ရုပ်သေးရုပ်နှစ်ကောင်က ရုတ်တရက် သူ့ဆီသို့ ပြေးလာသည်။
ဒီရုပ်သေးနှစ်ကောင်ဟာ တန်းလိနယ်ပယ်ရဲ့ အစောပိုင်းအဆင့်မှ ခွန်အားတွေရှိပြီး သူတို့ရဲ့ အရှိန်က အလွန်မြန်သည်။ သူတို့ ရှေ့ကို မရောက်ခင်မှာ လေဟုန်ခွင်းသံတွေက ပတ်ပတ်လည်မှာ ရှိနေပြီး လေကို ဖိအားတစ်ခု ဖြစ်လာစေစည်။
"အားနည်းလွန်းတယ်!" လုရွှမ် ခေါင်းခါလိုက်သည်။
သူသည် တန်းလိနယ်ပယ်၏ အစောပိုင်းအဆင့်တွင်သာ ရှိသော်လည်း ဆင်သံချပ်ရွှေကိုယ်ထည် နှင့် ယွမ်ယန်ကျင့်စဥ်တို့ကြောင့် သူ့တွင် တန်းလိစွမ်းအင် ငါးခုရှိပြီဖြစ်သည်။