Chapter (108)
သေရမယ်ဆိုတာ သံသယဖြစ်စရာ မရှိ"သခင်လေးဝေ့ အဲဒီကောင်လေးပဲ!"
လန်ရော့ရှင်း လုရွှမ်ကို မှတ်မိသလို တခြားသူများကလည်း အလားတူပင်။
"အဲဒီကောင်သာ ဝိညာဥ်ခုနှစ်မျိုးမှိုကို ယူမသွားရင် ငါ့ရဲ့ ခွန်အားတွေလည်း အများကြီး တိုးတက်လာမှာ သေချာတယ်....ဘယ်လိုလုပ် ဒီလိုအရှက်ခွဲတာ ခံရမှာလဲ?"
လုရွှမ်ကိုမြင်တော့ ဝေ့ချန်ရဲ့နှလုံးသားထဲက မုန်းတီးမှုတွေ ထွက်ပေါ်လာသည်။
သူ့ထင်မြင်ချက်အရ သူသာ ဝိညာဥ်ခုနှစ်မျိုးမှိုကို ရရှိခဲ့ပါက သူသည် ဖိရွှယ်နယ်ပယ်တွင် ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နိုင်မည်ဖြစ်ပြီး ယနေ့တွင် ဤမျှ ရှက်စရာကောင်းမည် မဟုတ်ပေ။
ဒီလူထွက်သွားပြီးတဲ့နောက် သင်ခန်းစာတစ်ခု သင်ပေးရမယ်လို့ ပြောခဲ့တဲ့ လူငယ်လေးရဲ့ ဂရုမစိုက်တဲ့ အသံကို ကြားလိုက်ရတဲ့အခါ စိတ်ထဲမှာ အံကြိတ်ရင်း တွေးနေမိသည်။
"ဟင်?"
"အဲဒီကောင်က ဟိုလူကို ထွက်သွားခိုင်းတယ်?"
"သခင်လေးဝေ့တောင် သူ့ပြိုင်ဘက် မဟုတ်ဘူးဆိုတာကို မမြင်ဘူးလား?"
... ...
လုရွှမ်အသံကို ကြားတော့ အားလုံး ရူးသွားကြသည်။
အဲဒီလူက ဖိရွှယ်နယ်ပယ်မှာ သန်မာတဲ့ ဝေ့ချန်ကိုတောင် တစ်ချက်တည်း လှုပ်ရှားပြီး အနိုင်ယူခဲ့တဲ့ ဆရာကြီးပဲ။ လုရွှမ်က ရူးနေတာလား ဒါမှမဟုတ် ဦးနှောက်ထဲ ရေဝင်သွားတာလား?
အကူအညီ တောင်းခဲ့သော လန်ရော့ရှင်းပင်လျှင် အံသြသွားသည်။
အကိုကြီး... ရှင့်ကို ကယ်ဖို့ ကျွန်မတောင်းဆိုခဲ့တဲ့ အဓိပ္ပါယ်က အရမ်းရိုးရှင်းပါတယ်... စိတ်လှုပ်ရှားဖို့ မဟုတ်ဘဲ တခြားသူကို ထိန်းဖို့ နည်းလမ်းရှာရမှာလေ
လုရွှမ်သည် လျင်မြန်စွာ တိုးတက်နေသော်လည်း လွန်ခဲ့သည့် လဝက်က နန်းတော်ပင်လယ် နယ်ပယ်၏ အစောပိုင်းအဆင့်တွင်မို့ သူ၏တိုးတက်မှုသည် မည်မျှပင် ကြီးမားပါစေ သူသည် ဤပြိုင်ဘက်နှင့် ဝေးကွာနေမည်မှာ သေချာပါသည်။