Chapter (37) Arc 2
ဘုရင်ရွှမ်"ဟုတ်!"
ကျောင်းအုပ်ကြီးဟန် ကမန်းကတန်း လိုက်သွားသည်။
"ခဏနေပါဦး...."
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ဘုရင်မင်းမြတ်၏ အသံ ထွက်ပေါ်လာ၏။
"သူရဲကောင်းပီသတဲ့ ကလေးတစ်ယောက်က မျှော်လင့်ထားတဲ့အတိုင်း... နှိမ့်ချတာ သည်းမခံတာမရှိ....ကိုယ့်ကိုကိုယ် ယုံကြည်မှုနဲ့ မာနလည်း ရှိတယ်..."
"အရှင်မင်းကြီး……"
ထိုလူငယ်ပြောသည်ကို မြင်သော်လည်း ဘုရင်မင်းမြတ်သည် စိတ်မဆိုးလဲ သူ့အား ချီးမွမ်းစကားဖြင့် ပြန်ခေါ်လိုက်ရာ ချင်ရှောင်းသည် စိုးရိမ်တကြီးဖြင့် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
"လုံလောက်ပြီ!"
ဘုရင်မင်းမြတ်၏ မျက်နှာသည် မည်းမှောင်သွားပြီး ခန်းမထဲတွင် မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံကြောင့် လူတိုင်း၏ နားများကို ပူထူသွားစေ၏။
"အရှက်ရတာ မလုံလောက်သေးဘူးလား?"
"အရှင်မင်းကြီး ကျုပ်..."
ဘုရင်မင်းမြတ်သည် မထင်မှတ်ပဲ ဒေါသထွက်လာရာ ချင်ရှောင်း၏ မျက်နှာသည်လည်း ဖြူဖျော့သွားခဲ့သည်။
သူသည် အဓိက မိသားစုသုံးစုထဲ ချင်မိသားစု၏ အကြီးအကဲ ဖြစ်သော်လည်း ဝူယန်အင်ပါယာကို ဘုရင်မင်းမြတ်ဟန်ချင်က ဆက်လက် အုပ်ချုပ်နေဆဲဖြစ်ပြီး သူကိုယ်တိုင်လည်း အမြင့်ဆုံးသော စွမ်းအားရှင်တစ်ဦးဖြစ်သည်။
ယခုအချိန်တွင် သူသည် ဒေါသထွက်နေသော်လည်း သည်းခံထားရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။
"ညီလေးလုရွှမ်က ငါ့ဧည့်သည်မို့ ဂါဝရပြုပုံအကြောင်း ပြောနေဖို့ မလိုဘူး!"
ဘုရင်မင်းမြတ်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဟုတ်ကဲ့!"
ချင်ရှောင်း၏ မျက်လုံးများတွင် မကျေမချမ်း အရိပ်အယောင်များ ပေါ်လာသော်လည်း ဘုရင်မင်းမြတ်သည် ဒေါသထွက်လာမှာစိုးရာ အပိုမပြောဝံ့သောကြောင့် ရှောင်ဖယ်ကာ စကားရပ်လိုက်လေသည်။