Chapter (32)
နည်းလမ်းနှစ်ခု"အာ?"
"ငါ ငါ ငါ ငါ...."
"အကြီးအကဲ မုယန်ဖုန်းက အလျှော့ပေးလိုက်တာလား?"
"နာလိုက်တာ!... အိပ်မက် မဟုတ်ဘူးဟ!"
……
လူများစွာသည် သူတို့ကိုယ်သူတို့ အိပ်မက် မက်နေမည်ကို စိုးရိမ်သဖြင့် လျင်မြန်စွာကိုယ့်ပါးကို ရိုက်ကြသည်။တစ်ဖက်သား၏ မောက်မာမှုကို ရယ်မောခဲ့ပြီးနောက် မုယန်ဖုန်းသည် ရှေ့သို့လှမ်းကာ ရိုးသားစွာ တောင်းပန်ခဲ့သည်။
တစ်ဖက်မှာတော့ ပြောလို့မပြီးသေးခင် ဝမ်ချောင်လည်း မြေပြင်အပေါ် အလှံခဲ့ရသလို အကြီးအကဲ မုယန်ဖုန်းကလည်း ရုတ်တရက် ပြောင်းလဲသွားတာကြောင့် လူတိုင်း ဆွံ့အနေကြတော့သည်။
အစ်ကိုရေ....မင်းငါတို့မျက်နှာကို ဖြတ်ရိုက်ဖို့ အထူးတလည်များ ရောက်လာခဲ့သလား?
ပြီးတော့ ဘယ်ပြန်ညာပြန် ရိုက်လိုက်တာကလည်း အရမ်း သက်တောင့်သက်သာ ဖြစ်နေသလိုပဲ....
"မင်း အခုပြောခဲ့တဲ့ 'အဆုတ်ယင်ဖြတ်ခြင်း' အကြောင်းက ဘယ်သူ့ဆီက သိတာလဲ မေးလို့ရမလား" မုယန်ဖုန်းက သူ့ရှေ့က လူငယ်ကို စိုက်ကြည့်ကာ မေးလိုက်သည်။
တခြားသူတွေ ပြောသလိုပဲ။ သူဟာ တစ်ချိန်တုန်းက ကျန်းဝူအင်ပါယာ တစ်ခုလုံးမှာ ထင်ရှားကျော်ကြားတဲ့ ပါရမီရှင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် မာနကြီးတဲ့စိတ်တွေကို မွေးမြူခဲ့ပေမယ့် လက်တွေ့မှာတော့ သူ့ကို ပြင်းပြင်းထန်ထန် ရိုက်ချခံခဲ့ရတယ်။
စမ်းသပ်မှုတစ်ခုမှာ သူဒဏ်ရာရခဲ့ပြီး သူ့ခန္ဓာကိုယ်ဟာ ပျက်စီးသွားခဲ့လို့ နောက်အဆင့်တွေ ထပ်တက်ဖို့ နည်းလမ်းမရှိခဲ့ဘူး။
အဲဒီအချိန်တုန်းက သူသည် မရေမတွက်နိုင်သော နာမည်ကြီး သမားတော်များနှင့် အဂ္ဂိရတ်ဆရာများကို ကူညီစစ်ဆေးပေးရန် တောင်းဆိုသော်လည်း အကြောင်းရင်းကိုတောင် ရှာမတွေ့ခဲ့ပေ။
နောက်ဆုံးတော့ အဆင့်၇ ဆရာနဲ့တွေ့ပြီး ကံကောင်းစွာနဲ့ သူက တစ်ချက်ကြည့်ပြီးတော့ "အဆုတ်ယင်ဖြတ်ခြင်း" လို့ ပြောလာ၏။