Chapter (136)
ထူးဆန်းတဲ့ရတနာ"ဘာပဲဖြစ်ဖြစ် မင်းက ဘာမှမပြောချင်ဘူးလေ...အဲ့တော့ ပြဿနာ ရှင်းသွားအောင် လွှတ်ထားလိုက်တာက ပိုကောင်းပါတယ် ဘာပဲဖြစ်ဖြစ် ကျီးကန်းတွေ တစ်ချိန်လုံး သောက်နေတာ မကောင်းပါဘူး!"
လုရွှမ် ခေါင်းယမ်းလိုက်သည်။
"မကောင်းဘူး....ဘာကို မကောင်းတာလဲ? ငါက ကမ္ဘာပေါ်မှာ တစ်ခုတည်းသော ရွှေကျီးကန်းပဲ... ဒီလိုမြင့်မြတ်တဲ့ အဆင့်အတန်းနဲ့ အရက်မသောက်ရရင် ဘယ်လိုလုပ်ရမလဲ?" ကျီးကန်းက စိုးရိမ်တကြီးနဲ့ ခေါင်းကုတ်လိုက်သည်။
သူ့ကို အရက်မသောက်ခိုင်းတာက သတ်တာထက် ပိုဆိုးတယ်။
ဘေးတွင်ရပ်နေသော ကျီးကန်းကို လျစ်လျူရှုကာ လုရွှမ်သည် မျက်လုံးများကိုမှိတ်ကာ ဆက်လက်လေ့ကျင့်ခဲ့သည်။
ခဏကြာတော့ ကျီးကန်းဟာ တကယ်ကို မကူညီနိုင်တော့ဘဲ
"ကောင်းပြီ...ငါပြောပြလို့ရတယ် ဒါပေမဲ့.. ငါ့မှာ အခြေအနေ တစ်ခုရှိတယ်!"
"ပြောပါဦး?"
သူမှန်ကန်သော အလောင်းအစား ပြုလုပ်ခဲ့ကြောင်း ကြားတော့ လုရွှမ်သည် အနည်းငယ် ပြုံးပြီး လှမ်းကြည့်လိုက်သည်။
"မင်း ဂိုဏ်းဆရာနယ်ပယ်ကို ရောက်ပြီးရင် ယွမ်ယန်ကျင့်စဥ်ကိုလည်း ဒုတိယအဆင့်အထိ လေ့ကျင့်ပြီးနိုင်လောက်ပြီ....အဲဒီအခါ ကျောက်စိမ်းပြားရဲ့ နေရာလွတ်ကို ဖွင့်ပြီး အပြင်ထွက်ခွင့်ညပေးရမယ် ငါအပြင်မှာ အေးဆေးနေချင်တယ်....ငါ့ကိုဒီထဲမှာပဲ သော့ခတ်မထားရဘူး!"
ကျီးကန်းက ပြောသည်။
လုရွှမ်သည် အရာဝတ္ထုများကို ထည့်နိုင်ပြီး သူကိုယ်တိုင် ဝင်ထွက်သွားလာနိုင်သော်လည်း ကျီးကန်းမှာတော့ မြေကြီးပေါ်တွင် ကပ်နေသော စတီးလ်ကဲ့သို့ ဤနေရာကို မထွက်ခွာနိုင်ပေ။
ယွမ်ယန်ကျင့်စဥ်၏ ဒုတိယအဆင့်သည် သူ့အား ဤနေရာမှာ ထွက်သွားနိုင်သည်ဟု ပြောသည်မှာ အမှန်တကယ် ဖြစ်နိုင်သည်။
"ကောင်းပြီ!" လုရွှမ်က မဆိုင်းမတွ ခေါင်းညိတ် သဘောတူလိုက်သည်။