Chapter (55)
အခန်း၁၀"ဟုတ်တယ်.... မင်းအခြေအနေကို ငါကြားပြီးပြီ မုန့်လင်က မင်းကို အခန်း၁၀ထဲဝင်ဖို့ အခုပဲ စီစဉ်ပေးလိမ့်မယ်"
ယွမ်ဟုန်က အလျင်စလို ပြောလာသည်။
"အင်း မြန်မြန်လုပ် ငါစောင့်နေတာကြာပြီ...မင်းတို့ရဲ့ လုပ်ရည်ကိုင်ရည်က တကယ်ညံ့လိုက်တာ!" လုရွှမ်မျက်မှောင်ကြုတ်လိုက်သည်။
"အာ!"
တစ်ဖက်မှ စားပွဲထိုးသည် အော်ဟစ်မိမည်ကို ကြောက်သောကြောင့် ပါးစပ်ကို တင်းတင်းစေ့ထားရသည်။
အရမ်း စိတ်လှုပ်ရှားစရာ ကောင်းတာပဲ။
သူက အခုနက ဖန်းရှစ်ပိုင်ရှင်မှန်း မသိတာ ထားပါတော့ ဒါပေမယ့် အခုသိပြီးတာတောင် ပြောတုန်းပဲ… မင်း ဘယ်လောက် သတ္တိရှိလိုက်သလဲ?
ဒီတစ်ခါ သခင်ဖန်းတော့ တကယ် ဒေါသထွက်တော့မယ်လို့ စားပွဲထိုးက တွေးလိုက်ချိန်မှာပဲ သူ့မျက်နှာတစ်ပြင်လုံး ပြုံးနေတာကို တွေ့လိုက်ရသည်။
"ဒါ ငါတို့အမှားပါ... ချက်ချင်း လုပ်ဆောင်ပေးပါ့မယ်"
စကားဆုံးသောအခါ သခင်ဖန်းသည် မုန့်လင်ကိုကြည့်ရန် ခေါင်းလှည့်လိုက်ပြီး သူ့တံတွေးများ ဖိိတ်စင်တော့မတတ် ငေါက်တော့သည်။
"မြန်မြန် မသွားသေးဘူးလား? အလုပ်ကို ဘယ်လိုလုပ်နေတာလဲ?"
"..." မုန့်လင်။
မုန့်လင်သည် အကြောင်းပြချက် မရှိဘဲ အငေါက်ခံလိုက်ရပြီး ချက်ချင်း အမြန်ပြေးကာ ခဏအကြာတွင် ပြန်ရောက်လာပြီး
"အခန်း အဆင်သင့်ဖြစ်နေပြီ!"
"ကောင်းပြီ ငါသွားတော့မယ်!"
လုရွှမ် လှမ်းထွက်လာသည်။
"ငါလမ်းပြမယ်..."
ယွမ်ဟုန်က ကပျာကယာနောက်မှ လိုက်သွားပြီး မှိုင်းညို့နေတဲ့ စားပွဲထိုးကို ချန်ထားခဲ့လိုက်သည်။
"အဟမ်း ဒီနေ့ကိစ္စ စကားတစ်ခွန်းမှ ဖြန့်ခွင့်မပေးဘူး...နောက်ကွယ်မှာ တစ်ယောက်ယောက်က ဒီအကြောင်း ပြောနေတာကို သိရင် ငါမင်းကို ဘယ်လိုအပြစ်ပေးမလဲ? သိတယ်မလား?"