Chapter (76)
ဖြောင့်မတ်သောလုရွှမ် (ဒုတိယအပိုင်း)"တျယ်လုံ....တိုက်တာမတိုက်တာ မင်းတို့ သံကြေးစားအဖွဲ့ရဲ့ ကိစ္စ... အဲဒါက ငါနဲ့ ဘာမှ မဆိုင်ဘူး ငါ မပါဝင်ဘူး!"
ဓားရှည်များ ဖောက်ထွက်ခါနီးတွင် နှစ်ဘက်ကြား တိုက်ပွဲက နီးကပ်လာသည်ကို တွေ့လိုက်ရသဖြင့် သံလက်နတ်ဆိုးက ပြုံးပြီး ထွက်သွားသည်။
"ဝေ့ချန်...ငါတို့ ပြန်တွေ့ကြပြန်ပြီ ငါပျင်းတတ်တာ မင်းလည်း သိပါတယ်... သံကြေးစားအဖွဲ့နဲ့ တွေ့တာက ဒီအတိုင်း အမှတ်တမဲ့လေးပဲ... "
"အိုး? ဒါက အကောင်းဆုံးပဲ!"
ဝေ့ချန်က ပေါ့ပေါ့တန်တန် ကြည့်လိုက်ပြီး
"မင်း လက်ရှိအခြေအနေကို သိသားပဲကွ!"
"စိတ်ပျက်စရာ ကောင်းလိုက်တာ!"
"ငါတို့ကိစ္စက မပြီးသေးဘူး...အဲဒါကြောင့် ငါတို့က မဟာမိတ်တွေပဲ။ အန္တရာယ်တွေ ကြုံလာတဲ့အခါ အတူတူရင်ဆိုင်သင့်တယ်... လှည့်ထွက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
"မင်းက နောက်ကျောကို ဓားနဲ့ထိုးတာလား?"
........
သံလက်နတ်ဆိုးသည် ဦးစွာ သစ္စာဖောက် ဖြစ်သွားသည်ကို မြင်လိုက်ရသောအခါ သံကြေးစားအဖွဲ့မှ အဖွဲ့ဝင်များ အားလုံးသည် ဒေါသနှင့် ဖြူဖျော့သွားကြသည်။
ချိုင့်ဝှမ်းထဲကို မဝင်ခင် ဖွဲ့ထားတဲ့ မဟာမိတ်အဖွဲ့ဟာ အကျိုးကျေးဇူးတွေကိုတောင် မျှဝေပေးမယ်လို့ ကတိပြုထားကြသည်။ ဘယ်သူကမှ အန္တရာယ်နဲ့ ကြုံတွေ့ဖို့ မစဉ်းစားထားရသေးဘူး သံလက်နတ်ဆိုးက ထွက်ပြေးသွားပြီ။
"ငါ မင်းနဲ့ မဟာမိတ်ဖွဲ့ခဲ့တာ မှန်တယ်... ဒါပေမယ့် မင်းတို့ကအလိုက်မသိဘဲ ဝေ့ချန်ကို စော်ကားနေတယ်... ဒါကြောင့် ငါ အမှောင်ထဲကနေ လှည့်ပြီး တောက်ပတဲ့ဘက်ကို သွားရတာလေ!"
လျောက်ကျင့်သည် လူတိုင်း၏ ဆူပူကြိမ်းမောင်းခြင်းကို ဂရုမစိုက်ဘဲ တည်ငြိမ်စွာပြောခဲ့သည်။
"မင်း……"
သူ့ကိုကြည့်ရတာ မရှက်တတ်တဲ့အပြင် မာနကြီးပြီး မောက်မာနေတာကြောင့် အဖွဲ့ဝင်တွေရဲ့ မျက်နှာမှာ ဒေါသတွေကြောင့် နီမြန်းလာသည်။