Chapter (113)
ဝိညာဥ်ချီဆေးလုံး"မင်းမမေးသင့်တာကို မမေးနဲ့! ငါကိုယ်တိုင် မလုပ်နိုင်တဲ့ အထူးအကြောင်းပြချက်တွေ ရှိတယ်...ငါ သူ့ကိုသတ်ချင်တဲ့ ကိစ္စကို ဘယ်သူ့ကိုမှ သိခွင့်မပြုနိုင်ဘူး"
လူလတ်ပိုင်းအရွယ်က အေးစက်စွာ ပြောနေစဥ် သူ့မျက်လုံးတွေကလည်း လျှပ်စီးလက်နေသလိုပင်။
"ဟုတ်ကဲ့!"
ဤအကြည့်ကိုမြင်လျှင် ဒုကျောင်းအုပ်ချန်သည် လျှို့ဝှက်ချက်ကို မစုံစမ်းရဲတော့ဘဲ တခဏတာမျှ လွင့်နေသော သိုးငယ်ကဲ့သို့ ခံစားခဲ့ရသည်။
တစ်ဖက်လူက သူ့ကို တကယ်သတ်ချင်ရင် သူ့လက်ကို ရွှေ့ဖို့တောင် မလိုအပ်ချေ။ ဒီလို အကြည့်မျိုးနဲ့တင် လုပ်နိုင်မယ်လို့တောင် သူ ခံစားနေရသည်။
ကြောက်စရာ ကောင်းလိုက်တာ!
ဝူအဆင့်၇ အထွတ်အထိပ်မှာရှိတဲ့ ကျောင်းအုပ်ကြီးထက်တောင် ကြောက်စရာကောင်းနေသေးတယ်။
"ကောင်းပြီ...အဲဒီ လုရွှမ်ကို သင့်တော်တဲ့ အကြောင်းပြချက်နဲ့ ရုံတင်စစ်ဆေးပြီး သတ်ပစ်လိုက်....ပြီးတော့ ဖြစ်ပျက်ခဲ့တာကို ဘယ်သူမှ မသိစေနဲ့!"
လူလတ်ပိုင်းအရွယ်က ပေါ့ပေါ့ပါးပါး ပြော၏။
"လူထုရုံးတင် စစ်ဆေးခြင်းအတွက် သင့်လျော်တဲ့ အကြောင်းပြချက် တစ်ခုလား?”
ဒုကျောင်းအုပ်ချန် အံ့အားသင့်သွားခဲ့သည်။
"ကောင်းပြီ... သူက တုယန်၊ လျိုချွမ်းနဲ့ မင်းရဲ့သမက် ဝေ့ချွမ်ကိုသတ်ခဲ့တယ်...သူ့ကို အပြစ်ပေးဖို့ မခက်သင့်ဘူးမလား?" လို့ သက်လတ်ပိုင်း အမျိုးသားက အကြံပေးလာ၏။
"တုယန်နဲ့ လျိုချွမ်းကို....ခင်ဗျား သတ်လိုက်တာလား?"
ထိုလူရဲ့ စကားကိုကြားတော့ ဒုကျောင်းအုပ်ချန်ဟာ ချက်ချင်း သဘောပေါက်သွားသည်။
လုရွှမ်သည် ဥပဒေအဖွဲ့နှင့် သဘောထား ကွဲလွဲရသည့် အကြောင်းရင်းမှာ အဆိုပါလူနှစ်ဦး၏ သေဆုံးမှုကြောင့် ဖြစ်ကြောင်း အတိအကျ သိရှိထားပြီးသား ဖြစ်သည်။