Chapter (101)
ဆရာတင်ချင်ပါတယ်"သူ့ကိုသာ တပည့်အဖြစ် လက်ခံလိုက်ရင် အဲဒီကောင်လေး ငါးကြင်းလို နဂါးတံခါးကို ခုန်ပျံသွားမှာကို ကြောက်ရတယ်"
"မှန်တယ်....အကြီးအကဲဟွမ်ယဲ့ရဲ့ အဆင့်အတန်းနဲ့ အထောက်အထားကို ကြည့်တာနဲ့ သူ့အတွက် နာမည်ကြီးဖို့ လွယ်တယ်!"
"အကြီးအကဲဟွမ်ယဲ့က အဂ္ဂိရတ်ပညာကို မလေ့ကျင့်တော့ပေမဲ့ သူ့မှာ နာမည်ကောင်းရှိတယ်....သူ့တပည့်ဖြစ်ဖို့ လူဘယ်နှစ်ယောက်တောင် အိပ်မက်မက်ခဲ့လဲ?"
......
ဟွမ်ယဲ့ ဆင်းသွားသည်ကို မြင်လိုက်ရသည်နှင့် သူတို့မျက်နှာမှာ စိတ်လှုပ်ရှားမှုနှင့် မနာလိုမှု အပြည့်ရှိနေသည်။
စဉ်းစားနေစရာ မလိုပါဘူး။ ခန့်မှန်ကြည့်လိုက်တာနဲ့ သိတယ်။ အကြီးအကဲ ဟွမ်ယဲ့က ဒီလူငယ်လေးရဲ့ အရည်အချင်းကို အသိအမှတ်ပြုလို့ သူ့ကို တပည့်အဖြစ် ခေါ်သွားချင်နေတာပဲ ဖြစ်မယ်။
"သူ...ဘာလို့ဒီလောက် ကံကောင်းနေရတာလဲ!"
ဒီမြင်ကွင်းကို မြင်လိုက်ရတော့ လင်ရှောင်းရှောင်းက သူမရဲ့ ငွေရောင်သွားတွေကို တင်းတင်း စေ့ထားလိုက်ပြန်၏။
အကြီးအကဲဟွမ်ယဲ့ကို သူမဆရာအဖြစ် ကိုးကွယ်ခွင့်ရဖို့ နှစ်အတော်ကြာ အိပ်မက်မက်ခဲ့တာ။ အဲဒီတုန်းက သူမဟာ တစ်ဖက်လူရဲ့ အိမ်ရှေ့မှာ တစ်ရက်နဲ့တစ်ည ဒူးထောက်ခဲ့ပေမယ့် တစ်ဖက်လူက သူ့ကို တပည့်လက်မခံဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ မောင်းထုတ်ခဲ့တယ်။
တပည့် လက်မခံတော့ဘူး မလား? ဒီအချိန်မှာ ဘာလုပ်ဖို့ ပြေးဆင်းလာတာလဲ?
သူမရှေ့က ကောင်လေးလောက် သူမအရည်အချင်းက မကောင်းဘူးဆိုတာ သိသာတယ်။
"ငါ့ရဲ့ အောင်မြင်မှုကို ခိုးပြီး ငါ့ဆရာကို ထပ်ခိုးနေပြန်ပြီ.."
လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်ထားရင်း လင်ရှောင်းရှောင်းသည် ထိုအကြောင်းကို တွေးရင်း စိတ်တိုလာသည်။
......
"ဘာကိစ္စလဲ?"
လုရွှမ် ထိုလူကြီးသည် ပင်မထိုင်ခုံဆီသို့ အပြေးအလွှား ဆင်းလာသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်သွားသည်။