Chapter (124)
ကျန်းဝူအကြီးအကဲ သုံးဦး (ဒုတိယပိုင်း)"အကြီးအကဲ သုံးယောက်ခင်ဗျာ... ဒါက လုရွှမ်ပါ.... သူက ဥပဒေအဖွဲ့ကို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ပြီး အကယ်ဒမီရဲ့ ဆရာတွေနဲ့ ပါရမီရှင်တွေကို သတ်ပစ်လိုက်တယ်.... သူ့ရဲ့ ရာဇ၀တ်မှုတွေက ရက်စက်ကြမ်းကြုတ်ပြီး ခွင့်မလွှတ်နိုင်တဲ့အတွက် သေတဲ့အထိ အရေခွံခွာပြီး တင်းတင်းကြပ်ကြပ် ဒဏ်ခတ်ဖို့ အကြီးအကဲတွေကို တောင်းဆိုပါတယ်!"
စင်မြင့်ထက်က ပုလ္လင်ကိုကြည့်ရင်း ဒုကျောင်းအုပ်ချန်က အော်ပြောလိုက်သည်။
"သေတဲ့အထိ အရေခွံခွာမယ်?? တင်းတင်းကြပ်ကြပ် ဒဏ်ခတ်မယ်??" ထိုစကားလုံးတွေကို ကြားတော့ လုရွှမ် မျက်ခုံးပင့်ကြည့်လိုက်သည်။
"မင်းတကယ် လှည့်စားတဲ့နေရာမှာ တော်တာပဲ...အဲဒီနေ့က လော်ယန်ချင်း ပြောတာကို ငါနားမထောင်ခဲ့သင့်ဘူး....မင်းကိုတစ်ခါတည်း အသေသတ်ပစ်လိုက်သင့်တာ! ဒါပေမဲ့ နောက်မကျသေးပါဘူး... မင်းက သေချင်နေတယ် ဆိုမှတော့ မင်းဆန္ဒပြည့်အောင် ဖြည့်ဆည်းပေးရတာပေါ့!"
လုရွှမ် သူ့ခြေဖဝါးများကို မြှောက်လျက် လှုပ်ရှားသွားကာ ရှေ့သို့ ပြေးသွားပြီး နောက်အခိုက်အတန့်တွင် ဒုကျောင်းအုပ်ချန်၏ ရှေ့သို့ ရောက်သွားသည်။
ရုပ်ခန္ဓာနှင့် စစ်မှန်သော စွမ်းအင် ပေါင်းစပ်မှုသည် ယခုအခါ လေတိုက်သံနှင့်အတူ တောင်ပေါ်မှ ဆင်းလာသော ကျားတစ်ကောင်ကဲ့သို့ ပြင်းထန်စွာ လှုပ်ရှားနေလေရာ ခွန်အား ၁၀၀ကျော်၏ စွမ်းအားကို ပိုင်ဆိုင်ထား၏။
"မင်း……"
မထင်မှတ်ပဲ လူငယ်လေးသည် အကြီးအကဲ သုံးဦးရှေ့တွင် လှုပ်ရှားရဲနေသည်။ သူ့မျက်နှာမှာ ထိတ်လန့် တုန်လှုပ်သွားကာ အကြိမ်ကြိမ် နောက်ပြန်ဆုတ်သွားခဲ့သည်။
သို့သော်လည်း သူသည် ယခင်ကတည်းက လုရွှမ်၏ ပြိုင်ဘက် မဟုတ်သောကြောင့် ယခုအချိန်တွင်လည်း သူမည်သို့ လွတ်မြောက်နိုင်မည်နည်း။
ဗုန်း!
လက်ဝါးတစ်ချက်ဖြင့် အိတ်တစ်လုံးကဲ့သို့ လွင့်သွားကာ ကြီးမားသော တိုင်ကြီးကို နောက်ပြန်ထိမှန်ကာ လက်အရိုးများ ကွဲအက်သွားပြီး သွေးများ ထွက်ကျလာသည်။