Chapter (32) Arc 2
ဆူးယာအရိုက်ခံရတယ်"ဘယ်သူက သူ့ကို လျစ်လျှူရှုခိုင်း ထားလို့လဲ? သူ့မှာ လုံလောက်တဲ့ အင်အားမရှိရင် ကျန်းဝူအင်ပါယာမှာပဲ လိမ်လိမ်မာမာနဲ့ နေလိုက်ပေါ့ ဘာကိစ္စဒီကို ပြေးလာနေလဲ? သေတာတောင် နည်းသေးတယ်!"
သူမသည် မျက်နှာပျက်သွားခဲ့သည်။ ထိုအချိန်က သူမစကားများကို နာခံခဲ့သော လူငယ်လေးသည် ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ ပြောင်းလဲသွားသည်။
လူအုပ်နောက် အကွယ်တွင် ရှိနေသည့် ဆူးယာသည် သခင်လေးချင်ဟွာ ဒေါသထွက်နေသည်ကို တွေ့လိုက်ရပြီး အကြီးအကဲရှန်သည်လည်း လှုပ်ရှားတော့မည်ကို သိလိုက်ရတဲ့အခါ သူမ စိတ်မပူရုံသာမက စိတ်လှုပ်ရှားနေသည့် မျက်လုံးများပါ ပေါ်လာ၏။
"သခင်လေး...."
ထိုအချိန်တွင် မော့ချန်သည် လုရွှမ်ကို မှတ်မိသွားပြီး ချင်ဟွာဆီသွား၍ အနားကပ်ကာ စကားအနည်းငယ် တိုးတိုးလေး ပြောလိုက်သည်။
"အမ်?"
ချင်ဟွာ၏မျက်နှာသည် ချက်ချင်း မည်းမှောင်သွားပြီး လုရွှမ်ကို ကြည့်လိုက်ပြီးနောက် ဆူးယာကိုလည်း လှည့်ကြည့်လိုက်သည်။
"ဒီလုရွှမ်က မင်းရဲ့ငယ်သူငယ်ချင်း? မင်းကိုတစ်ချိန်လုံး လိုက်ပိုးပန်းနေတဲ့သူလား?"
"ဟုတ်ပါတယ်!" ဆူးယာက ခေါင်းညိတ်ပြီး
"ဒါပေမယ့် သူက သေးသေးလေးပဲလေ...ကျွန်မက ဘယ်လိုလုပ် စိတ်ဝင်စားရမှာလဲ? ကျွန်မရွေးရမယ် ဆိုရင်တောင် သခင်လေးချင်လို မြင့်မြတ်တဲ့ လူကြီးတစ်ယောက်ကို ရွေး....."
ဖြောင်း!
ဆူးယာ၏ ဖြေရှင်းချက် မပြီးခင်မှာပင် ပါးရိုက်သံနဲ့အတူ သူမ မျက်နှာနီမြန်းလာပြီး လဲကျလုနီးပါး ဖြစ်သွားသည်။
ဖြူစင်သော ကျောက်စိမ်းမျက်နှာပေါ်တွင် အနီရောင်တောက်တောက် လက်ငါးချောင်းရာကြီးက ချက်ချင်းပေါ်လာသည်။
"သူက နိမ့်ကျတဲ့ လူသေးသေးလေး? ငါက သူ့လိုနိမ့်ကျတဲ့ သူသေးသေးလေးကိုတောင် နိုင်အောင် မတိုက်နိုင်ဘူးလို့ မင်းက ပြောချင်တာလား?"