Chapter (49)
မျက်နှာကိုနောက်တစ်ခါ ဖြတ်ရိုက်ခံရခြင်း"အား.....မင်း! မင်း!"
ပြင်းထန်သော ဝေဒနာကြောင့် ချိုဝမ့်ထျန်းသည် အခုနလေးက မောက်မာမှုတွေ မရှိတော့ဘဲ သူ့မျက်လုံးများထဲတွင် ထိတ်လန့်နေမှုများ ထင်ထင်ရှားရှား ပေါ်ထွက်လာသည်။
"ဗုန်း.....ဗုန်း....."
အော်ဟစ်သံကို လျစ်လျူရှုရင်း လုရွှမ်သည် သူ့လက်ကို ဆန့်တန်းလိုက်သည်။ သူ့လက်ချောင်းကို ထိလိုက်တိုင်း ချိုဝမ့်ထျန်း၏ ခန္ဓာကိုယ်ပေါ်ရှိ အက်ကွဲသံများ ထွက်လာကာ အရိုးတွေ ပြီးပြည့်စုံခြင်း မရှိတော့ပေ။
"ခေါင်းဆောင်ချိုကို ဖမ်းချုပ်ထားတယ်?"
"ဒါ... ဒါ... သူက အတန်းနိမ့် ကျောင်းသား မဟုတ်ဘူးလား? အတန်းနိမ့် ကျောင်းသားက တန်လိနယ်ပယ်က ခေါင်းဆောင်ချိုကို ဘယ်လိုလုပ် အနိုင်ယူ နိုင်မှာလဲ!"
"ငါ မျက်စိကန်းသွားတာလား?"
……
လူတိုင်းနီးပါး မူးဝေ သွားကြသည်။အားလုံးက မြန်မြန်ဆန်ဆန် ဖြစ်ပျက်သွားတော့ သူတို့ဘာမှ တုံ့ပြန်ချိန် မရလိုက်ကြ။ သံလက်ဝါး တိုက်ခိုက်မှုနဲ့ ကျော်ကြားတဲ့ ချိုဝမ့်ထျန်းက ဒီလိုအရိုက်ခံလိုက်ရမယ်လို့ မထင်ထားခဲ့ချေ။
သူတို့ရဲ့မျက်လုံးထဲက သန်မာတဲ့လူဟာ သူ့အရိုးတွေ ကျိုးကြေကာ ခွေးသေတစ်ကောင်လိုပဲ ဘယ်လောက်ပဲ ရုန်းနေပါစေ အရာမဝင်။
သံမဏိကဲ့သို့ သံလက်ဖဝါးကို လက်နှစ်ချောင်းဖြင့် ညင်သာစွာ ဖိထားသည်။
"ခေါင်းဆောင်ချိုကို လွှတ်လိုက်... "
"မြန်မြန်ရပ်လိုက်..."
အခြားဥပဒေ အဖွဲ့ဝင်များက တုံ့ပြန်သော်လည်း ထိုလူများကသာ အော်သာ အော်ဟစ်ကြပြီး မည်သူမျှ အလျင်စလို မတိုက်ရဲကြပေ။သူတို့ရှေ့က ထိုလူဟာ ခေါင်းဆောင်ချိုတောင် သိုင်းကွက်တစ်ကွက်ပဲ သုံးလိုက်ရတာလေ။ သူတို့မှာ သတ္တိ၁၀ခုလောက် ရှိနေရင်တောင် အရှေ့တက်ရဲမှာ မဟုတ်ချေ။
"သွားစမ်း!"
ခေါင်းဆောင်ချို၏ လည်ပင်းကို ဆုပ်ကိုင်ထားပြီး လက်မလွှတ်ဘဲ လုရွှမ်သည် ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်သည်။