Chapter (36)
သွားစမ်း!"ဒီကောင်က သူ့ဘာသာ လာတောင်းဆိုနေတာလေ... သူ့လက်ချောင်း တစ်ချောင်းကို မထိနဲ့လို့ ပြောတာတော့ ငါကဒီအတိုင်း လှုပ်ရှားပေးလိုက်ရုံပဲ....လျိုချွမ်းသေတာကတော့ ငါအခုမှသိတာ"
လုရွှမ်က နည်းနည်းလေးမှ ထိတ်လန့်တကြား ဖြစ်မနေဘဲ မျက်နှာကလည်း ဘာမှမထူးခြားချေ။
"ဟုတ်ပြီ.... ရှင်းပြစရာကတော့ ရှင်းပြပြီးသွားပြီ....ဖယ်ပေး! ငါ ကျင့်ကြံဖို့ ကျန်သေးတယ် မင်းတို့နဲ့ ပေါက်ကရတွေ လုပ်နေဖို့ စိတ်မပါဘူး"
"ပေါက်ကရ?"
"ငါတို့ ဥပဒေအဖွဲ့က ရှုပ်နေတာလို့ ပြောရဲတယ်ပေါ့?"
"ကောင်လေး....မင်းခေါင်းကို မြည်းတစ်ကောင်က နင်းသွားလို့လား? ဥပဒေအဖွဲ့က မင်းလျိုချွမ်းကို သတ်လိုက်တယ်လို့ ထင်ရင် မင်းသတ်လိုက်လို့ပဲပေါ့! အခုချက်ချင်း ငါတို့နဲ့ ပြန်လိုက်ပြီး အမှားကို ဝန်ခံလိုက် မင်းကိုပေါ့လျော့တဲ့ ပြစ်ဒဏ်ပေးနိုင်ပါတယ် ဒီလိုမှ မဟုတ်ရင် ဒီနေရာမှာ မင်းကိုသတ်လိုက်ရင်တော့ ဘယ်သူမှ လာပြောရဲမှာ မဟုတ်ဘူး!"
"ဒီကောင်လေးက သူ့ဦးနှောက်မှာ ပြဿနာရှိနေတာပဲ... ဘာလို့ သူ့ကို ဒီလောက်ပြောနေတာလဲ? တစ်ခါတည်း သူ့ကို ခေါ်သွားလိုက်... ရာဇ၀တ်မှုတွေကိုတောင် ကျူးလွန်ထားပြီကို သူဝန်မခံဘူးဆိုတာ ငါမယုံဘူး!"
.......
လုရွှမ်၏ စကားကိုကြားတော့ ချောင်မင်နှင့် အခြားလူများသည် ဒေါသကြောင့် သွေးအန်လုနီးပါး ဖြစ်သွားကြသည်။ဒီလေသံက အရွယ်ရောက်ပြီးသူက ကလေးကို ရိုင်းစိုင်းနေတာမြင်လို့ ရိုက်ပုတ်ချင်သလို ဖြစ်နေတယ်။ တကယ် ဟန်ဆောင်တတ်လွန်းတာပဲ
ကောင်လေး မင်းကိုယ်မင်း ဘယ်သူထင်နေလဲ? အောက်ခြေအတန်းက လူလေးသာသာပဲလေ လူတိုင်းကြောက်ရတဲ့ ဥပဒေအဖွဲ့ကို လာရှုပ်နေတာလို့ ပြောရဲစရာလား
ဦးနှောက်က တကယ်ပဲ ပြဿနာရှိနေတာလား?
အထူးသဖြင့် ဝမ်ချောင်ကို သွေးအန်တဲ့အထိ တိုက်ရိုက်ချပစ်လိုက်တာလေ