Chapter (73)
ဝံပုလွေကအရှေ့ ကျားကအနောက်မှာ"အရသာရှိလိုက်တာ ငါဒီလောက် အရသာရှိတဲ့ အစားအစာကို မစားရတာကြာပြီ..."
များမကြာမီ ယွမ်ယန်ချီနှင့် ကင်ထားသော ငှက်များစွာတို့သည် ကျီးကန်း၏ ဝမ်းထဲသို့ ကျသွားကြပြီး အနက်ရောင်ငှက်သည် ကျောက်တုံးပေါ်တွင် ပျင်းရိစွာ အိပ်လျက် နေလေသည်။
လုရွှမ်သည် အသားကင်သူဖြစ်သော်လည်း တစ်ကိုက်သာ မြည်းစမ်းကြည့်ပြီးနောက် သူ့အတွက် ဝေစု မရှိခဲ့ပေ။ ၎င်း၏ခန္ဓာကိုယ် အရွယ်အစားမှာ ငှက်ကင် တစ်ကောင်လောက်ပင် မကြီးမားပေ။
ငှက်ကင်တွေကို ဘယ်လိုစားလိုက်သလဲ မသိ။
"ငါ အပြင်ထွက်တော့မယ်!"
ဤကျီးကန်း၏ အသွင်အပြင်ကို မြင်တော့ လုရွှမ်သည် အမြင့်ဆုံး နန်းတော်ပင်လယ် နယ်ပယ်ဆိုတာကို သူ့ကိုလိမ်နေသလားဟုပင် သံသယဝင်လာမိသည်။
"ထွက်သွားတော့ ကျိုးနေတဲ့ ငှက်အနည်းငယ်လောက်နဲ့ ငါ့ကို လှည့်စားနိုင်လိမ့်မယ်လို့ မထင်နဲ့... နောက်တစ်ခါ ဝိုင်ပုလင်းတွေ ယူလာခဲ့!" ကျီးကန်းက အတောင်ပံခတ်လျက် ပြောလာ၏။
"... " လုရွှမ်သည် ခေါင်းယမ်းလိုက်သည်။
ငှက်တစ်ကောင်နှင့် ရင်းနှီးရန် ပျင်းလွန်းသဖြင့် အပြင်ထွက်ခါနီးတွင် အတွေးတစ်ခု ရုတ်တရက်ဝင်လာကာ မျက်လုံးများ တောက်ပလာပြီး ကျီးကန်းကို အလျင်အမြန် ကြည့်လိုက်သည်။
"ခုနက ငါငှက်ကိုယူပြီး ဒီထဲဝင်လာလို့ ရတယ်ဆိုတော့.. တခြားအရာတွေလည်း ထည့်လို့ရမလား?"
"သေချာပေါက် ရတာပေါ့! ဒါက အာကာသ မှော်လက်နက်... မှော်နယ်မြေပဲ မင်းပစ္စည်းတွေကို မထည့်ထားချင်ဘူးဆို ဘာကို ထည့်ထားချင်လို့လဲ?"
ကျီးကန်းသည် သူ့ကို မထီမဲ့မြင်ပြုစွာ စိုက်ကြည့်သည်။
"မင်း အခုက ကျောက်ကျင်းကို ကိုင်ပြီး လှည့်ပတ်ပြေးနေတာ... အဲဒါကို ထည့်ရမှန်းတောင် မသိဘူးလား....တော်တော်တုံးတာပဲ"
"မင်းအကုန်သိတယ်..."
လုရွှမ်သည် ခဏတာ ဒေါသထွက်သွားပြီး ကျောက်ကျင်းကိုကိုင်ကာ လှည့်ပတ်ပြေးနေမိမှန်း သိရက်သားနဲ့ စကားမပြောဘဲ အစားအသောက်ကို မြင်သောအခါမှ ချက်ချင်းပင် အဓိပ္ပါယ်မဲ့စွာ ပြောလာခဲ့တဲ့ ကျီးမည်းကို စိုက်ကြည့်လိုက်သည်။