Chapter (4)
စိတ်လှုပ်ရှားနေတဲ့ ကျောင်းအုပ်ကြီးပုံမှန်ဆိုလျှင် အဖြေတွေကို စစ်ဆေးပိုင်းခြားတဲ့အခါ အဆင့်၄ဆင့်သာ ရှိသည်။ ပုံမှန်အဆင့်၊ အရည်အချင်း ပြည့်မှီအဆင့်၊ ကောင်းမွန်အဆင့်နဲ့ အကောင်းဆုံးအဆင့်။ သို့သော် ဒဏ္ဍာရီထဲမှာ ပြောထားတဲ့ အဆင့်တစ်မျိုးလည်း ရှိသေးသည်။
ထိုကဲ့သို့သော အဖြေမျိုးသည် မေးခွန်းကို လုံးဝပြီးမြောက်စေသော အရာဖြစ်သည်။ ထိုအရာက စောစောက ရှန်းရွှယ့်ဆေးလုံးကို သန့်စင်သည့် မေးခွန်းလိုပင်။
ပြီးပြည့်စုံတဲ့ အဖြေဆိုတာ အတိုင်းအတာ တစ်ခုအထိ အစွန်းဆုံးရောက် ကောင်းမွန်နေသော အရာဖြစ်ကာ ၎င်းနှင့် နှိုင်းယှဉ်ပါက အခြားအဖြေများသည် ဖုန်မှုန့်ကဲ့သို့ အရောင်အဆင်း မရှိလှပေ။
ဒီလို သက်မှတ်ချက်ရှိတဲ့ အဆင့်က ဒဏ္ဍာရီထဲမှာပဲ ရှိခဲ့တာ။ ဒီလို သေးငယ်တဲ့ ဖန်းမြို့လို နေရာမျိုးကို လုံးဝ မကြားဖူးကြချေ။ သူတို့ရှေ့က မျက်နှာခပ်ပိန်ပိန် ကောင်လေးက သခင်ဖန်းတောင် မဖြေနိုင်တဲ့ မေးခွန်းတွေကို ဖြေသွားရုံတင်မကဘူး ပြီးပြည့်စုံတဲ့ အဖြေတစ်ခုလည်း ဖြစ်နေသေးသည်။
သူတို့ မျက်လုံးတွေ ကန်းကုန်တာများလား။
အားလုံးရဲ့ခေါင်းထဲ ဗလာတွေ ဖြစ်ကုန်ကြသည်။ တင်းချောင်ကျန်းလည်း မြေကြီးထဲမှာသာ အပေါက်ရှိခဲ့ရင် ဝင်သာပုန်းနေချင်တော့သည်။
အခုနကတင် သူမပြောခဲ့တာက တစ်ဖက်လူဟာ ကံမကောင်းလို့ ကံလာစမ်းတာ ဟန်ဆောင်နေတာဟု။ ရလဒ်ကတော့ ထိုလူဟာ အဖြေကို ဖြေနိုင်ရုံတင် မဟုတ်ဘဲ အကောင်းဆုံး အဆင့်ကိုတောင် ကျော်လွန်သွားသေးသည်။ အဲဒါကသူမရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပဲ။
"စုန့်ယွဲ့ကို ပြောလိုက် အဲဒီကောင်လေးကို ကောင်းကောင်းဆက်ဆံလိုက် လုံးဝ မပေါ့ဆမိစေနဲ့လို့.... "
ထိုအချိန်တွင် တင်းချောင်ကျန်းသည် မျက်နှာကို ဂရုမစိုက်နိုင်ဘဲ အရေးတကြီး အမိန့်ပေးလိုက်ရ၏။
သခင်ဖန်းပင် ပြီးပြည့်စုံသော အဆင့်အထိ မဖြေရှင်းနိုင်သော မေးခွန်းများကို သူကဖြေဆိုနိုင်တယ်တဲ့။ မျက်စိရှေ့က လူက လူရှုပ်မဟုတ်သလို တကယ်ကို အစွမ်းထက်တဲ့လူပဲ။