Chapter (50) Arc 2
အဘိုးအိုကို ကုသခြင်း"သက်သာမယ်? တကယ် သက်သာလာနိုင်မှာလား"
သူ့အတည်ပြုချက်ကို ကြားတော့ ထူးဆန်းတဲ့ အဘိုးအိုက မယုံနိုင်လောက်အောင် အံ့ဩနေမိသည်။
နှစ်များတစ်လျှောက်တွင် မရေမတွက်နိုင်သော ရှေးဟောင်းစာအုပ်များကို ဖတ်ပြီး အဂ္ဂိရတ်ပညာရှင် သူငယ်ချင်းများစွာကို တွေ့ရှိခဲ့သော်လည်း ကုစားရန် နည်းလမ်းမရှိဟုသာ ကောက်ချက်ချခဲ့သည်။
ဤအခိုက်အတန့်တွင် ၁၆နှစ်အရွယ် ယောက်ျားလေးတစ်ဦးသည် ပျောက်ကင်းအောင် ကုသနိုင်သည်ဟု တိုက်ရိုက် ပြောလာသော် သူ၏စိတ်နှလုံးသည် မငြိမ်မသက် ဖြစ်နေသော်လည်း မယုံနိုင်သေးပေ။
"ထိုင်လိုက်ပါ!"
အခြားသူအား ရှင်းပြရန် ပျင်းလွန်းသဖြင့် လုရွှမ်သည် သူ၏ လက်ဖဝါးကို သူ့ရင်ခွင်ထဲသို့ သွင်းလိုက်ပြီး ကျောက်စိမ်းပြား နေရာထဲကို စိတ်ဝိညာဉ် ဆက်သွယ်ကာ ကျောက်စိမ်းသေတ္တာ တစ်လုံးကို ထုတ်ယူလိုက်သည်။
ကျောက်စိမ်း သေတ္တာအတွင်းမှ ရွှေဆေးအပ် ကိုးချောင်းသည် အလင်းရောင် ရောင်ပြန်ဟပ်မှုကြောင့် တောက်ပြောင်နေ၏။
ဒီရွှေဆေးအပ် ကိုးချောင်းကို သူ မထွက်ခွာခင် ကျန်းဝူမြို့မှာ ဝယ်ခဲ့တာ ဖြစ်သည်။
အဂ္ဂိရတ်ပညာရှင်ကောင်းသည် အခြေခံအားဖြင့် အစွမ်းထက်သော သမားတော် တစ်ဦးဖြစ်လေသည်။ မဟုတ်ပါက ရောဂါနှင့်အညီ ဆေးကို မည်သို့ သန့်စင်နိုင်မည်နည်း။ ပြီးတော့ ဒီလို မြင့်မြတ်တဲ့ အနေအထားမျိုး ရပါ့မလဲ။
လူသားဖြစ်သရွေ့ ထိခိုက်ဒဏ်ရာမရသူ မဖျားမနာသူ မရှိပေ။ ဒဏ်ရာရ နာမကျန်း ဖြစ်လာသောအခါတွင် အဂ္ဂိရတ်ဆရာကို ဒုက္ခပေးရမည် ဖြစ်ပြီး အခင်းအကျင်း ပညာရှင်တို့နှင့် ကွာခြားမှုတွေ အများကြီး ရှိနေပါသေးသည်။
ဟူ!
လက်ညှိုးကို ဖျတ်ခနဲ လှုပ်ရှားလိုက်သည်နှင့် ရွှေရောင် အပ်တစ်ချောင်း အလင်းတဖျတ်ဖျတ်ဖြင့် အဘိုးအို၏ ခန္ဓာကိုယ်ပေါ်ရှိ အပ်စိုက် အမှတ်နေရာဆီသို့ တည့်တည့် ပြေးသွားပြီး တည့်တည့် ထိုးဖောက်သွားသည်။