Chapter (41)
ကျွန်တော် အစေခံလုပ်ပါ့မယ်"ကျန်းဝူအကယ်ဒမီရဲ့ ကျောင်းအုပ်?" လုရွှမ် ရပ်တန့်သွားသည်။
တခြားသူ တစ်ယောက်ဆိုရင် သူ့မှာ ဘယ်လိုမျက်နှာမျိုးပဲ ရှိနေပါစေ ဂရုမစိုက်ဘဲ လှည့်ထွက်သွားမှာဖြစ်သည်။ မျက်စိရှေ့က လူကတော့ မတူချေ။ယခု သူသည် အကယ်ဒမီ၏ ကျောင်းအုပ်ကြီးဖြစ်ပြီး နန်းတော်ထဲက မင်းသားလိုပဲ ကြမ်းတမ်းတဲ့သူလို့ အရင်ကတည်းက ကြားဖူးပါသည်။ အဆင့်၇ အထွတ်အထိပ် အဆင့်ဖြစ်ကာ သူတစ်ခါမှ မတွေ့ဖူးပေမယ့် မျက်စိရှေ့က အဖိုးကြီး ဖြစ်နေမယ်လို့တော့ မထင်ထားဘူး။
သူနဲ့သာ မိတ်ဆွေကောင်းအဖြစ် မိတ်ဖွဲ့လိုက်ရင် ဥပဒေအဖွဲ့က သူ့ကိုနှောင့်ယှက်ရဲမှာ မဟုတ်တော့ဘူး။
"ဟုတ်ပါတယ်!"
ကျောင်းအုပ်ကြီး လော်ယန်ချင်လည်း စိတ်အားထက်သန်စွာ ပြန်ကြည့်လိုက်သည်။
အရင်က ပြီးပြည့်စုံတဲ့ အဖြေကို ကြားတော့ သူ နည်းနည်း ဝမ်းနည်းသလို ခံစားရ၏။ အဖြေက အလုပ်မဖြစ်တာကြောင့် မဟုတ်ဘဲ သူ့ပြဿနာက သက်သာရုံသာ သက်သာပြီး ပျောက်ကင်းသွားတာ မဟုတ်သောကြောင့်ပင်။
သူ့ရှေ့က ဒီလူက နာကျင်မှုကို သက်သာစေနိုင်တယ်လို့ ရိုးရိုးရှင်းရှင်းပဲ ပြောခဲ့တာမို့ သူ့ကို ကုသပေးနိုင်လောက်သည်။ ထို့ကြောင့် ဖန်းရှစ်ကို နေ့တိုင်းလာပြီး သူ့ကို စောင့်မျှော်ရင်း နေခဲ့သည်။
နောက်ဆုံးမှာ သူ့ရဲ့ ကြိုးစားအားထုတ်မှုကို အရာထင်ခဲ့ပြီး ဆရာကြီးက ထွက်ပေါ်လာခဲ့ရာ ပြေး၍ တားရလေ၏။
"အအေးဒဏ်ကြောင့် ကျန်ရစ်တဲ့ သွေးအေးခဲရောဂါ...အနောက်ဘက် နေဝင်သွားချိန် မိုးသောက်လင်းချိန် ယင်ချီ ပျောက်ကွယ်သွားတဲ့အခါ သည်းမခံနိုင်တဲ့ ဝေဒနာ ခံစားရလိမ့်မယ်... ပြင်းထန်တဲ့အခါ လူကို အဝတ်ချွတ်ပြီး အရေပြားကို ခွာချပစ်ချင်တဲ့ အထိပဲ!"
ကျောင်းအုပ်ကြီး လော်ချင်းယန်ကို ငုံ့ကြည့်ရင်း လုရွှမ်ပြောလိုက်သည်။
"ငါ့ရဲ့ ခန့်မှန်းချက် မှန်ရင် မင်းရဲ့ သူငယ်ချင်းလို့ ခေါ်တာက မင်းကိုယ်တိုင်ပဲ!"