Chapter (102)
ဂုဏ်ယူပါတယ်ကျီးမည်းလက်ချောင်းများဖြင့် အဆက်မပြတ် လှုပ်ရှားရင်း မြေပြင်ပေါ်တွင် အမှတ် ၃၆ ခု၏ တည်ရှိရာမြေပုံကို အမြန်ဆွဲကာ လူ့ခန္ဓာကိုယ်၏ ပုံစံအရ ၎င်းတို့ကို တစ်ခုပြီးတစ်ခု ချိတ်ဆက်ကြည့်သည်။
အချိန်အနည်းငယ် ကြာပြီးနောက် လုရွှမ်သည် မျက်ခုံးမွှေးများကို ပွတ်သပ်ရင်း ရပ်တန့်လိုက်သည်။
"အလုပ်မဖြစ်သေးဘူး! ငါ့အတွေ့အကြုံနဲ့ အသိပညာအရ... အမှတ် ၃၆ခုကို ဝိညာဥ်သွေးကြော လေးခုအထိ လျှော့ချနိုင်တယ်... နောက်ထပ် မလုပ်နိုင်တော့ဘူး..."
သွေးကြောလေးခုသည် အမှတ်၃၆ခုကို ဖုံးအုပ်ထားကာ ဖြန့်ထုတ်လိုက်ခြင်းက ကောင်းကင်ကို တုန်လှုပ်စေမည်မှာ သေချာသော်လည်း ကမ္ဘာပေါ်တွင် လက်ရှိ နံပါတ်တစ်လူဖြစ်သော ဧကရာဇ်ကျိုးရန်ကို အနိုင်ယူလိုပါက သူ မလုပ်နိုင်သေးကြောင်း သိသည်။
"ထားလိုက်တော့.... ဆန်းကြယ်သွေးကြော ဆေးလုံးကို မသန့်စင်ရသေးဘူး အချိန်ရှိသေးတယ်...."
အချိန်အတော်ကြာ စဉ်းစားသော်လည်း ပိုမိုရိုးရှင်းသော နည်းလမ်းကို မစဉ်းစားနိုင်တော့ဘဲ လုရွှမ် ရပ်တန့်သွားသည်။
ဆန်းကြယ် သွေးကြောဆေးလုံးကို အောင်မြင်စွာ သန့်စင်ခြင်းဖြင့်သာ ဆေးစွမ်းအား၏ အကူအညီဖြင့် ထုံးရွှမ်နယ်ပယ်သို့ ဖြတ်ကျော်သွားနိုင်သည်။ ယခုအခါ မီးဖိုကို မသန့်စင်ရသေးသောကြောင့် အလျင်စလို လုပ်လို့မဖြစ်သေး။
"ထုံးရွှမ်နယ်ပယ်ရဲ့ သွေးကြောလမ်းကြောင်းကို ဆွဲနေတာလား? ဟားဟား ငါ့ကိုမေးလို့ရတယ်နော်??"
ကျောက်ပြားပေါ်တင် ရပ်နေသော ကျီးကန်းသည် သူ၏ စိတ်ရှုပ်ထွေးမှုကို မြင်ရတော့ ကျေနပ်စွာ ပြောလိုက်သည်။
"မင်းကိုမေးရမယ်...စားဖို့ပဲသိတာ မဟုတ်ဘူးလား?" လုရွှမ်က ထူးဆန်းစွာ ကြည့်လိုက်သည်။
"မင်းကသာ စားဖို့ပဲသိတာ!"
ဒီစကားကို ကြားတော့ ကျီးကန်းဟာ အသက်ရှုကြပ်လုနီးပါး။
"ကျီးကန်းဒီအဖိုးက ကမ္ဘာတစ်ဝှမ်းမှာ အဲဒီတုန်းက နာမည်ကြီးခဲ့ပြီး လူတိုင်းက ကြောက်နေကြရတာ...ဘယ်လိုလုပ် စားရမယ်ဆိုတာပဲ သိမှာလဲ... မင်းသာစားနိုင်သူပဲ...မင်းတို့ တစ်မိသားစုလုံးပဲ စားနိုင်တယ်!"