Chapter (140)
သိုင်းကွက်သုံးကွက်ခံယူမည်"ဒီညနေ ထွက်မှာလား?"
"ရက်အနည်းငယ်လောက်တောင် အနားမယူတော့ဘူးလား?"
"မြန်လိုက်တာ!"
လူအုပ်ကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
လူရွေးချယ်ပြီးနောက် ယင်းယန်အကယ်ဒမီကို သွားကြရမယ်လို့ လူတိုင်းသိကြပေမယ့် ဒီလောက်မြန်မြန်ကြီး ဖြစ်လာမယ်လို့တော့ မျှော်လင့်မထားခဲ့ကြ။
ဒီနေ့ညနေပဲ စထွက်မယ်တဲ့လေ။
"မှန်တယ်.... ငါတို့အမြန်ဆုံး သွားရမယ်! ကျောင်းက သုံးလလောက်ကြာမှ စမယ်လို့ သတင်းကြားလိုက်ရပေမယ့် အကြောင်းတစ်ခုခုကြောင့် တစ်လစောပြီး ရွှေ့ခဲ့တာဆိုတော့ ငါတို့မှာ အချိန်အများကြီး မရှိဘူး!"
ဆရာကြီးဟူယွင်က ပြောသည်။
"ကျောင်းက တစ်လစော ဖွင့်မှာလား?"
"ငါကဖြည်းဖြည်းချင်း သွားရင်း ရှုခင်းတွေကို ခံစားနိုင်မယ်လို့ ထင်ခဲ့ပေမဲ့ အခုတော့ မဖြစ်နိုင်ဘူး ထင်ပါတယ်!"
"တကယ်တော့ ငါတို့အတွက်က ကျောင်းစတက်တာ မြန်လေကောင်းလေပဲ... အဆင့်မြင့် ကျင့်ကြံရေး နည်းလမ်းတွေကို စောစောစီးစီး လေ့လာနိုင်ပြီး ငါတို့ရဲ့ ခွန်အားကို မြန်မြန်ဆန်ဆန် မြှင့်တင်နိုင်မှာပဲ"
"အဲဒါလည်း ဟုတ်တယ်!"
......…
ကျောင်းစဖွင့်တာ တစ်လစောကြောင်း ရုတ်တရက် ကြားလိုက်ရတော့ လူတိုင်းမှာ စိတ်ကူးတွေ အမျိုးမျိုး ထွက်ပေါ်လာကြသည်။
"ရထားလုံးနဲ့ တခြားအရာတွေကို ကျောင်းအုပ်ကြီးလော်က ပြင်ဆင်ခိုင်းပြီးပြီ.... ညစာစားပြီးရင် အားလုံးပြန်သွားပြီး မင်းတို့မိသားစုကို နှုတ်ဆက်လိုက်ပါ....ဒါမှမဟုတ် တစ်ခုခုဝယ်ချင်ရင် သွားဝယ်လိုက်.... ညနေခင်း ဟထွက်ရအောင်!"
ဆရာကြီးဟူယွင်က ကျယ်လောင်စွာ ပြောလိုက်သည်။
"ဟုတ်!"
အချိန်မရှိသည်ကို လူတိုင်းသိသောကြောင့် မချေပဝံ့ဘဲ တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။