Chapter (66)
နေရာရှာတွေ့ခြင်းဝူ.....
သံလက်တံမျောက်ဝံသည် ဟိန်းဟောက်ကာ သူတို့နောက်သို့ အနီးကပ် လိုက်လာ၏။
ဗုန်း!
နောက်ထပ် လက်သီးတစ်ချက်က သံလက်နတ်ဆိုးရဲ့ နောက်ကျောကို ထိမှန်ပြီး သူ့အတွင်းအင်္ဂါတွေ တုန်ခါသွားကာ သွေးအန်ရပြန်လေသည်။
ရိုက်နှက်မှုကြောင့် သေလုမျောပါး ဖြစ်နေသော်လည်း သံလက်နတ်ဆိုးသည် မရပ်တန့်ရဲသေးဘဲ အရှိန်ပြင်းပြင်းနှင့် ရှေ့သို့ ပြေးသွားလေသည်။
အဆင့်၅ အကောင်ကြီးမို့ ၎င်းတို့အားလုံးကို ပေါင်းစည်းလိုက်လျှင်ပင် ယှဉ်နိုင်မည် မဟုတ်သောကြောင့် ထွက်မပြေးဘဲ ရပ်နေလို့ မဖြစ်ချေ။
ဗုန်း!
နောက်တစ်ချက် ထပ်ရောက်လာသည်။
ကံကောင်းထောက်မစွာနဲ့ ပြေးတဲ့ အရှိန်အဟုန် တိုးနေချိန်မှာ လက်သီးရဲ့ အစွမ်းက အများကြီး အားနည်းသွားသည်။ မဟုတ်ရင်တော့ သူ့ကို သေတဲ့အထိ ရိုက်ချပစ်မှာ သေချာသည်။
"မင်းသူတို့ကို သွားရှာ...ငါ့ဆီ မလာနဲ့!"
သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျနေပြီး သံလက်နတ်ဆိုးသည် အခုနကလို မာနကြီးသော အကြည့်မျိုး မဟုတ်တော့ဘဲ မျက်ရည်များကျကာ ငိုချင်လာသည်။
ဒီလောက် လူတွေအများကြီး ပြေးနေတာကို သူတို့နောက်ကို မလိုက်ဘဲ ဘာလို့သူ့နောက်ကိုပဲ လိုက်နေတာလဲ? သူ့ကို အသေများ လိုက်သတ်နေတာလား?
"သေစမ်း!! အကုန်လုံး ဟိုကောင်လေးရဲ့ အပြစ်ပဲ!!"
တစ်ချက် အရိုက်ခံလိုက်ရတာက သူ့အတွင်းအင်္ဂါ ၅ခုကို နာကျင်သွားစေပြီး အချိန်မရွေး သေသွားရတော့မယ့် အတိုင်းပင်။ ထို့ကြောင့် သံလက်နတ်ဆိုးသည် လုရွှမ်အပေါ် မုန်းတီးမှုသည် ပိုမိုပြင်းထန်လာခဲ့သည်။
သူ့အမြင်အရတော့ ဒီသားရဲကြီးရဲ့ လိုက်ဖမ်းရတဲ့ အကြောင်းရင်းက အဲဒီကောင် ဘာမှ ရှင်းပြမနေဘဲ လှည့်ထွက်ပြေးသွားလို့ပဲ။
စကားလုံး တစ်လုံးလောက်နဲ့ ရှင်းပြပြီး ကြိုတင်ပြင်ဆင်ထားရင် ဒီလိုအခြေအနေမျိုး ကြုံလာမှာလား?