Chapter (37)
ဝူအဆင့်၃တုယန်နှင့် လျိုချွမ်း နှစ်ဦးစလုံး သူနှင့် စကားများရန်ဖြစ်ပြီးနောက် အသတ်ခံခဲ့ရပြီး လူများကသူ့ကို သံသယဝင်လာကြတာ ထူးဆန်းတာတော့ မဟုတ်။
သို့သော် တိုက်ဆိုင်နေ၏။
"ထားလိုက်တော့ ငါ့မှာ ဒါတွေကို စဉ်းစားဖို့ အချိန်မရှိဘူး....အခု အရေးကြီးတာက အဆင့်တက်ဖို့ပဲ"
အတန်ကြာ စဉ်းစားပြီးနောက် မူလပိုင်ရှင်၏ မှတ်ဉာဏ်သည် လွတ်သွားကာ ထိုနေရာတွင် ဘာမျှမရှိဟု ထင်ရတာကြောင့် လုရွှမ်လည်း ခေါင်းခါလိုက်သည်။
ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် ပူးပေါင်းကြံစည်မှုပဲ ဖြစ်ဖြစ် မတော်တဆမှုပဲ ဖြစ်ဖြစ်၊ သူ့မှာ ခွန်အားမရှိရင် တခြားသူတွေက လာသတ်ပစ်နိုင်တယ်။
ဒါကြောင့် ဒီလူနှစ်ယောက်ရဲ့ သေဆုံးရခြင်း အကြောင်းအရင်းကို ခန့်မှန်းဖို့ ကြိုးစားမယ့်အစား သူ့ရဲ့ ခွန်အားကို မြှင့်တင်တာက ပိုကောင်းပါတယ်။
ပေါ့ပေါ့ပါးပါး တစ်ခုခုစားပြီး အိပ်ဆောင်ကို ပြန်လာတဲ့အခါ ယွမ်ချောင်နဲ့ ရန်းလင်တို့ ရှိမနေတာ တွေ့ရသည်။
လုရွှမ်သည် ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်ကာ ကျင့်ကြံမှု အခြေအနေထဲ ဝင်ရောက်ခဲ့သည်။
ဒီရက်ပိုင်းထဲ ဆင်သံချပ်ရွှေကိုယ်ထည်ကိုသာ လေ့ကျင့်နေခဲ့တာကြောင့် ယွမ်ယန်ကျင့်စဥ်ကို ပစ်ထားခဲ့မိသည်။ တက်နိုင်သမျှ မြန်မြန် ကျင့်ကြံရမည်။
ဟုန်း.....ဟုန်း.....တဟုန်းဟုန်း တောက်လောင်နေသော ဝိညာဉ်စွမ်းအင်များကို လေထဲမှ ဆွဲစုပ်ကာ သွေးကြောများတစ်လျှောက် ဖြည်းညှင်းစွာ စီးဆင်းသွားစေ၏။ ခဏအကြာတွင် တစ်ကိုယ်လုံးကို ဝိညာဥ်စွမ်းအင်များ ပြည့်စေခဲ့သည်။
"အရေပြားနဲ့ အရိုးနယ်ပယ်က ကြွက်သား၊ အရွတ်၊ အမြှေးပါး၊ အရိုးနှင့် အင်္ဂါအစိတ်အပိုင်းတွေကို တောင့်တင်းစေတဲ့ စွမ်းအင်ရှိတယ်... အရင်က ဆင်သံချပ် ရွှေကိုယ်ထည်ကို လေ့ကျင့်ခဲ့ပေမယ့် အဲဒါကို ပြန်ဖြည့်တင်းဖို့ ဝိညာဉ်စွမ်းအင်ကို သုံးလိုက်ရင် အကျိုးသက်ရောက်မှုက ပိုကောင်းလာလိမ့်မယ်"