Chapter (45) Arc 2
ထူးဆန်းတဲ့ အဘိုးကြီးသူပြန်မွေးဖွားပြီးကတည်းက ဆုတံတိုင်းက ငွေတွေကိုသာ ရယူခဲ့သည်။ ဟန်ယန်မြို့ အခင်းအကျင်း ပညာရှင်အဖွဲ့ကနေ ဂုဏ်ထူးဆောင် အဖွဲ့ချုပ်ဖြစ်လာပြီး ချမ်းသာကြွယ်ဝ လာသော်လည်း ချင်မိသားစုနှင့် နှိုင်းယှဉ်ပါက ဆင်းရဲသား ဖြစ်နေဆဲ ဖြစ်သည်။
ဂိုဏ်းဆရာနယ်ပယ် အဆင့်ရှိ လူသုံးယောက် ကိုယ်ပေါ်ကနေ ရတနာတွေ မနည်းဘူး ရလိုက်သည်။
"တကယ်ပဲကိုး!"
သူတို့သုံးယောက်ကို အလျင်အမြန် ကြည့်လိုက်ပြီး သူ့လက်ထဲမှာရှိတဲ့ အရာတွေကို မြင်လိုက်တာနဲ့ လုရွှမ်ရဲ့ မျက်လုံးတွေ တောက်ပလာခဲ့သည်။
မိသားစုကြီးတစ်ခုရဲ့ ဂိုဏ်းဆရာကြီးတွေက မျှော်လင့်ထားသလိုပဲ သူတို့မှာ ရတနာတွေ အများကြီးရှိလေသည်။ တခြားအရာတွေကို မပြောဘဲ အမြင့်ဆုံး ရွှေကတ်သုံးခုရဲ့ စုစုပေါင်း အရေအတွက်ကိုပဲ ကြည့်ရရင် သန်း ၃၀ လောက်ရှိပေ၏။
နောက်ပြီး အဆင့်၆ အဂ္ဂိရတ်ဆေးတွေလည်း ပါသေးသည်။ အရေးကြီးဆုံးက သူတို့ကိုယ်ပေါ်မှာ ဝိညာဉ်ကျောက်တုံး နှစ်တုံးကို တွေ့ခဲ့ခြင်းပင်။
အစပိုင်းတွင် ကျောင်းအုပ်ကြီး လော်ယန်ချင်းက ဝိညာဥ်ကျောက်တုံးရဲ့ အကူအညီနဲ့ ယွမ်ယန်ကျင့်စဥ်ကို ပထမအဆင့် ပြီးမြောက်အောင် ကျင့်ကြံနိုင်ခဲ့သည်။
၎င်းသည် ဝိညာဥ်ကျောက်တုံး၏ အဖိုးတန်မှုနှင့် အရေးပါမှုကို ပြသနိုင်ခဲ့သည်။ နှစ်လုံးကို တစ်ပြိုက်နက်တည်း ရလိုက်ခြင်းက အင်မတန် အံ့သြစရာကောင်းပေ၏။
"ဒီနှစ်ခုလုံးကို သန့်စင်လိုက်ရင် ငါ အတုတံဆိပ်နယ်ပယ်ရဲ့ အလယ်အလတ် အဆင့်ကို ဝင်သွားနိုင်တယ်!"
ဝိညာဉ်ကျောက်တုံးကို ကျောက်စိမ်းပြား၏ နေရာထဲသို့ ထည့်လိုက်ရင်း လုရွှမ် ကျေနပ်စွာ ခေါင်းညိတ်ပြကာ မလှမ်းမကမ်းမှ မုယန်ဖုန်းကို ကြည့်လိုက်သည်။
"မြင်းလှည်းသမားက ဘယ်မှာလဲ?"
"ကျုပ်သူ့ကိုသတ်ပြီးပြီ!" မုယန်ဖုန်းမှ ဆို၏။