အခန်း - ၅၄
Lighthouse Of Love 💜 အချစ်မီးပြတိုက်လေးရှေ့မှထမင်းစားပွဲခုံတွင် ပုဇွန်များထည့်ထားသည့် ပန်းကန်ကြီးကိုတစ်လှည့် အန်တီနှင့်မမပုလဲကိုတစ်လှည့် လွန်းငယ်ကြည့်ပြီး ကြောင်ကြောင်လေးဖြစ်နေမိသည်။
"ငါ့သားပုဇွန်ကြိုက်တာသိတယ်မလား"
"ဟုတ် သမီးသိပါတယ်"
"အဲ့တော့သားလာရင်အရံသင့်စားရအောင်လို့ မင်းပုဇွန်အခွံခွာပေးနိုင်မလား ဒါလေးတော့မင်းငါ့သားအတွက်လုပ်ပေးနိုင်တယ်မလား"
အမိန့်ဆန်သည့် အန်တီ့အပြောကို လွန်းငယ်မငြင်းဆန်နိုင်သလို ငြင်းဆန်ရန်လဲ ဆန္ဒမရှိသည်ကြောင့်...။
"ဟုတ် လုပ်နိုင်ပါတယ်"
"ခွာရောခွာတတ်ရဲ့လား မခွာတတ်ရင်လဲပြောနော် ဒို့ခွာပေးမယ်"
"ရပါတယ်မမပုလဲ လွန်းငယ်ခွာတတ်ပါတယ်"
"အဲ့မှာလက်အိတ်ဝတ်ပြီးမှခွာနော် သားကအသန့်ကြိုက်တယ်"
"ဟုတ်ကဲ့"
လက်အိတ်လေးစွပ်ကာ နီနီရဲရဲပုဇွန်များစွာထဲမှ တစ်ကောင်ကိုယူလိုက်တော့သည်။ ပုဇွန်ကို ဓာတ်မတည့်၍မစားသည်ကြောင့် ပုဇွန်အခွံက်ိုခွာတော့ခွာတတ်ပေမယ့် နည်းမှန်စွာဖြင့်တော့ မခွာတတ်ပေ။ ပုဇွန်လေးအခွံခွာတာ ဘာခက်တာမှတ်လို့ဟုတွေးကာ ပထမတစ်ကောင်ကိုခွာတော့ နည်းနည်းကြာပြီး ရလာသည့်အကောင်မှာ ပုံစံပျက်၍ မလှမပပုံစံလေးဖြစ်နေ၏။ သို့ပေမယ့် နောက်အကောင်များ ဆက်၍ခွာသည့်အခါ လက်မြန်လာပြီး ခွာရအဆင်ပြေလာသည်ကြောင့် ပျော်သွားရသည်။
"အဲ့ပုံစံအတိုင်းဆို သားလာရင်တောင်တစ်ဝက်ပြီးပါ့မလားကွယ်"
"သူကမြူဆွယ်တဲ့အလုပ်လောက်ပဲလုပ်နိုင်တာပါလို့ သမီးပြောပါတယ်အန်တီမေရယ်"
ဟင်...လွန်းငယ်ကို ဒါစော်ကားလိုက်တာပဲ။ ဒီလိုစကားမျိုးကို လူကိုရှေ့တည့်တည့်တွင်ထားပြီး ပြောထွက်သည်ကို အံဩရပါသည်။ မမပုလဲစကားကို ရင်ထဲခံပြင်းသွားသည့်လွန်းငယ်မှာ အံကျိတ်ပြီး လက်သီးကိုတင်းနေအောင်ဆုပ်ထားကာ...။
YOU ARE READING
Lighthouse Of Love (Completed)
Romanceအချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်