Part 💜 61 (U&Z)

16.5K 417 9
                                    

Lighthouse Of Love 💜 အချစ်မီးပြတိုက်လေး အပိုင်း - ၆၁
(Unicode)

တင်းတင်းကျပ်ကျပ်ဖက်ထားသည့် ဦးရင်ခွင်ထဲကရုန်းကြည့်ပေမယ့်မရ ဘာလို့များအိပ်နေတဲ့လူလက်ထဲကနေတောင် မရုန်းနိုင်ရတာလဲနော်။

လွန်းငယ်လက်ခလေးနှင့် ရင်ခွင်ဆီပုတ်၍ နှိုးနေမိသည်။ နာမည်ခေါ်နှိုးဖို့က ဦးလို့လဲမခေါ်ချင်သေးဘူး လောပန်းလို့လဲပြန်မခေါ်ချင်တော့ဘူး လွန်းငယ်ဘယ်လိုခေါ်ရမှန်းမသိသည်မို့ လွန်းငယ်မခေါ်ပဲဒီအတိုင်းသာ နှိုးလိုက်တော့သည်။

"ခလေး နိုးနေပြီလား ထပ်အိပ်လေကွာအစောကြီးရှိသေးတာကို"

"လွန်းငယ်ကိုလွှတ်ပေးပါအုံး"

"ဟွန် ဘာဖြစ်လို့လဲခလေး"

"ဟို ရူး.. ရူးပေါက်ချင်လို့"

ဥဿာကိုမကြည့်ပါပဲငုံ့၍ဖြေနေလေသည့်ခလေးက ဒါလေးပြောတာတောင်ရှက်နေလေသည်။

"အာ.. ဟုတ်ပြီ ဟုတ်ပြီ"

ဥဿာလက်လေးဖယ်ပေးလိုက်တော့ ထပြေးသွားလေတော့သည်။ ဒီခလေးအလျှင်လိုနေရင်လဲ အစောထဲကပြောရောပေါ့။

ဦးကဘာဆိုဘာမှကိုအခွင့်ကောင်းမယူခဲ့သည်ကို လွန်းငယ်ကိုယ်ထက်ကအင်းကျီလေးက သက်သေပြနေလေသည်။ လွန်းငယ်တစ်နေ့ကဝတ်ထားတဲ့အင်းကျီလေးပဲမို့ မနက် ၅ နာရီဖြစ်နေပေမယ့်လဲ လွန်းငယ်ရေချိုးချင်နေရပြီဖြစ်သည်။

လက်ခလေးတွေလိမ်၍ အိပ်ယာဘေးလာရပ်နေသည့်ခလေး...

"​ပြီးပြီလားခလေး "

"ဟုတ်"

"လာလေ ပြန်အိပ်မယ်"

"လွန်းငယ်ရေချိုးချင်လို့ အဲ့တာ"

"ခလေးအင်းကျီတွေက အရင်လိုပဲ အဲ့အခန်းထဲမှာရှိတယ် ခလေးယူပြီးချိုးလိုက်နော်"

"ဟုတ်"

လွန်းငယ်နှင့်မစိမ်းသည့် နေရာသို့လွန်းငယ်ဝင်လာခဲ့လိုက်တော့သည်။ သို့ပေမယ့်အရင်ကနှင့်မတူပဲ အကုန်ပြောင်းလဲနေသည့်နေရာကြီးကြောင့်  လွန်းငယ်ရင်သက်ရူမောစွာ ငေးနေမိသည်။

Lighthouse Of Love (Completed)Where stories live. Discover now