Extra - 1 (U&Z)

24.6K 405 24
                                    

Lighthouse of love 💜🖤 Extar (အပိုင်း-၁)

ခလေးနှင့်အိမ်ထောင်သက်တမ်းတစ်နှစ်ရှိပြီဖြစ်သော်လည်း ညားခါစလင်မယားလေးလိုပင် ချစ်မြဲချစ်ဆဲ သွားအတူလာအတူပင်ဖြစ်သည်။ ဟင်းချက်လေးသင်ချင်ပါသည်ပြောသည့်ခလေးဟာလဲ ဥဿာသေချာသင်ပေးထား၍ ယခုဆိုဟင်းအတော်များများထိချက်တတ်နေပြီဖြစ်သည်။ ဘေးမှကူပေး၍ အတူယှဉ်တွဲချက်ပြုတ်သည့်အခါများလဲ ချစ်စဖွယ်ချွဲ၍ ချက်ပြုတ်တတ်သေးသည်။ ဒီခလေးလေးကလေ ဥဿာအတွက်တော့ အဖိုးတန်လွန်းလှပါပေသည်။

"ဦး"

"ဗျ .."

"လွန်းငယ်ကို ဥနီလှီးပေးပါအုံး လက်မအားတော့လို့"

"ဟုတ်ပြီဗျာ"

"ငရုတ်သီးလေးလဲနဲနဲထောင်းပေးအုံးနော်ဦး"

"Ok ဗျာ.."

"အယ်.. ကန်စွန်းရွက်လေးရောသင်ပေးလို့ရမလားဦး"

"ရတာပေါ့ကွ "

အားလူးအကြီးကြီးတစ်လုံးကိုအခွံသင်ရင်း အလုပ်ရှုပ်နေသည့်ခလေးက ဥဿာကိုကူပေးဖို့ပြောနေသည်ကြောင့် ဥဿာအကုန်လိုက်လုပ်ပေးလိုက်တော့သည်။

"ဦး မြည်းကြည့်ပေးအုံး "

ဥဿာထကာ ဟင်းအိုးလေးဘေး ဇွန်းလေးကိုင်ကာစောင့်နေသူလေးဘေးသို့သွားလိုက်ကာ ခလေးခွံ့ကျွေးသည်လေးမြည်းစားလိုက်သည်။

"မိုက်နေရောကွာ ရှယ်ပဲ"

"ဟီး MasterChef သွားပြိုင်တော့မယ်နော်"

"ကိုယ်အဖော်လိုက်လုပ်ပေးမယ်ကွာ"

"ဦးကဒိုင်လုပ်ပေးမှပေါ့ "

"ဟုတ်ပြီဗျာ ကိုယ့်ဇနီးလေးကိုအမှတ်ပြည့်ပေးမှာစိတ်ချ"

"၁၁ မှတ်ပေးနော် သူများတွေက ၁၀ မှတ်အမြင့်ဆုံးဆို လွန်းငယ်အတွက်က ၁၁ မှတ်ကအမြင့်ဆုံးပဲ"

"ဟုတ်ပြီ ဒိုင်တွေအကုန်လုံးကို ကိုယ်ပြောပေးမယ် ခလေးအတွက် ၁၁ မှတ်သီးသန့်လို့"

"အွန်း ..ဦးကလာလဲကူချက်ပေးရမှာနော် "

"ဟုတ်ပြီဗျာ "

အတွေးပေါက်တာတွေပြောကာ နောက်မှသံယောင်လိုက်ပေးလိုက်တော့ မခို့တရို့လေးပြုံးကာ ဟင်းအိုးလေးမွှေနေလေသည်။

Lighthouse Of Love (Completed)Where stories live. Discover now