End (U&Z)

42.5K 549 42
                                    

Lighthouse Of Love 💜 အချစ်မီးပြတိုက်လေး အပိုင်း - ၆၆ (ဇာတ်သိမ်းပိုင်း)
Unicode

မနက် ၇ နာရီထိုးနေပေမယ့် ခလေးကအိပ်ကောင်းတုန်းပင်။

ဥဿာလက်ကိုခေါင်းအုံးအိပ်ပြီး ရင်ဘက်ဆီမျက်နှာမူနေသည့်ခလေးက ညအိပ်အင်းကျီလေးနှင့်ရှိနေလေသည်။ ပန်းနုရောင်မျက်နှာလေးနှင့် နှုတ်ခမ်းဖူးဖူးလေးထပ်ပေါက်ပြဲရာလေးကြောင့် ဥဿာပြုံးမိသွားသည်။ တစ်ခုကဥဿာကိုက်ထားတာဖြစ်ပြီး ကျန်အရာလေးတွေက ခလေးသူ့ဘာသာကိုက်ထားတာဖြစ်သည်။ ဆံနွယ်လေးတွေကိုဖိအိပ်ထားသည့်ခလေးက မနာဘူးလားမသိဘူးဗျာ။ ညကလက်လွန်သွားသည်ကြောင့်လဲ သနားရသည်။ ဒီခလေးလေးကိုမှ အများကြီးယူမိသွားပြီကွာ။

ပြန်တွေးမိရင်လဲရင်ခုန်ရပြန်သည်။ ဒီအလှလေးကို ကိုယ်အရာရာပိုင်ဆိုင်ခဲ့ပြီ။ ချစ်ရပါသည်။ ချစ်ရသည့်ခလေးမျက်နှာအုအုလေးထက် အနမ်းလေးပေးလိုက်တော့ နှုတ်ခမ််းသားတို့ပူသွားရသည်။

"ဖျားနေတာလား.."

မသင်္ကာ၍ ကိုယ်လေးစမ်းမိတော့ ဟုတ်ပါသည်ခြစ်ခြစ်တောက်အောင်ပူနေပါသည်။ ဟုတ်တာပဲ တစ်နေကုန်ပင်ပန်းထားတဲ့သူလေးကို ညကအချိန်လင့်တဲ့ထိနေမိလိုက်သည့်မှာ ဥဿာအမှားပင်။ အခုတော့အကုန်စုပြီး ဖျားနေပြီပေါ့ခလေးရယ်။

အဖျားတိုင်းကြည့်တော့ အတော်ဖျားနေသည်ကြောင့် ရေဝတ်လေးကပ်ပေး ရေဘက်လေးတိုက်ပေးနှင့် ဥဿာပြာပြာသလဲ အိပ်နေသည့်ခလေးကိုပြုစုရသည်။ ဒါနဲ့လဲ မနက် ၈ နာရီထိအဖျားမကျသေးပဲအိပ်နေသေးသည်ကြောင့် ခေါင်လွင်ကိုပြေးခေါ်ရသည်။

"ငါဆေးထိုးပေးခဲ့မယ် နဲနဲထပ်အိပ်ခိုင်းလိုက်အုံး "

"အင်း"

ခေါင်လွင်ကဥဿာကိုကြည့်၍ ခေါင်းတွေရမ်းနေလေသည်။
ငါကနဲနဲပဲလွန်တာပါကွလို့ပြောမလို့ကို မကောင်းရှိတော့်မည်ဟုတွေး၍ပြန်ငြိမ်နေလိုက်သည်။

"ငါ့ညီမကိုမင်းဂရုတော့စိုက်နော် "

"ငါဂရုစိုက်ပါတယ်ဟ ယောက်ဖရ"

"ဂရုစိုက်လွန်းလို့ ဖျားသွားတဲ့ထိမင်း မင်း.. အွန်း..."

ဥဿာတံခါးရှေ့ကခေါင်လွင်ကို မျက်ခုံးပင့်ပြ၍ရုပ်ပြောင်ပြကာ တံခါးပြန်ပိတ်လိုက်တော့သည်။

Lighthouse Of Love (Completed)Where stories live. Discover now