Part 💜 64 (U&Z)

16.7K 378 4
                                    

Lighthouse Of Love 💜 အချစ်မီးပြတိုက်လေး အပိုင်း - ၆၄
(Unicode)

"အစ်မတောင်းပန်ပါတယ် အစ်မအတ္တတွေကြောင့် ညီမတို့အခုလိုခံစားနေရတာပါ အစ်မမှားမှန်းသိပါပြီညီမရယ် "

ဒေါ်ခင်ကုတင်ထက်၌ ကျောက်ရုပ်ပမာပင်မျက်နှာတည်၍ နေလိုက်သည်။ သမီးလေးလပေါင်းများစွာခံစားခဲ့ရတာတွေကို ဒီလိုခဏလေးခွင့်လွှတ်ဖို့တောင်းခံတာနဲ့ ခွင့်လွှတ်ရကြေးတဲ့လား။

"သမီးလွန်းငယ်ကိုလဲ အစ်မတောင်းပန်မှာပါ ဒါပေမယ့်ညီမတို့ရယ် ညီမတို့အပေါ် စော်ကားခဲ့တာတွေကို နောင်တရနေပါပြီ တဂယ်ကိုနောင်တရနေပါပြီ အဲ့နေ့ကသာသမီးလွန်းငယ်မကယ်ရင် အစ်မဒီအချိန်ဒီနေရာမှာရှိမနေလောက်တော့ဘူး "

ဒေါ်ဝင့်ထည်တောင်းပန်နေပေမယ့် အရာမဝင်စွာတစ်ဖက်ကဘယ်လိုမှ တုန့်ပြန်မလာပေ။

လွန်းငယ်အခန်းထဲဦးနှင့်အတူဝင်လာဆို မြင်လိုက်ရသည့်လူကြောင့်လွန်းငယ်ခြေထောက်တွေရပ်တန့်သွားရတော့သည်။ တစ်ဆက်တည်းကြောက်စိတ်တွေပါ ကြီးစိုးလာကာဒူးတွေပါတုန်လာရတော့သည်။ ပါဝါသိပ်ကြီးတာပဲအန်တီရယ်။ လွန်းငယ်အတွက်အန်တီကအတိတ်ဆိုးကြီးနဲ့ အကြောက်ရဆုံးလူသားကြီးပဲ။ အန်တီနဲ့တွေ့ဆုံမှုတွေက အမှတ်တရဆိုးတွေနှင့်မို့ လွန်းငယ်အန်တိ့ကိုလဲကြာကြာမကြည့်ရဲ လှည့်ပြေးရန်သာကြံနေမိတော့သည်။

"ခလေးဘယ်လဲ"

တုန်တုန်ရီရီနဲ့ ခေါင်းခါပြနေသည့်ခလေးက ဥဿာကိုအတင်းတွန်းဖယ်နေလေသည်။

"သမီးလွန်းငယ်"

မကြားချင်သောအသံပင်။

"ဟင့်အင်း..အန်တီတိုးမလာနဲ့ "

လွန်းငယ်ဦးရဲ့နောက်သို့ဝင်နေလိုက်သည်။ အချိန်တွေကြာသွားပေမယ့် မေ့မရသေးသည့်အန်တီ့လုပ်ရပ်တွေ​ကြောင့် လွန်းငယ်ရှောင်ဖယ်မိနေသည်။ ကားမတော်တဆဖြစ်သည့်အချိန်ကဆို လွန်းငယ်ဘဝမှာအကြောက်ရဆုံးနှင့် ပြန်မတွေးချင်ဆုံးအချိန်ပင်။ အခုအန်တီ့ကိုမြင်တော့ အဲ့နေ့ကအဖြစ်တွေကို ကွက်ကွက်ကွင်းကွင်းပင် ပြန်မြင်နေရပြီဖြစ်သည်။

Lighthouse Of Love (Completed)Where stories live. Discover now